Sunday, September 2, 2018

ရိုက်တာသတင်းထောက် ၂ ဦးကို ယနေ့ အပြီးသတ်စီရင်ချက်ချမည်


ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ အပြီးသတ်စီရင်ချက်ချမှာဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့တစ်ပတ်က စီရင်ချက် ချဖို့ သတ်မှတ်ထားခဲ့ပေမယ့် အမိန့်ချမယ့်တရားသူကြီးရဲ့ ကျန်းမာရေးအခြေအနေကြောင့်ဆိုပြီး စီရင်ချက်ချမယ့်ရက်ကို ဒီကနေ့ အထိ ရက်ရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးအမှုဟာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီးနိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းများစွာရဲ့စိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့အမှုတစ်​ခုလည်းဖြစ်​ပါတယ်​။
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကိုလျှို့ ဝှက်စာရွက်စာတမ်းတွေလက်ဝယ်တွေ့ရှိတယ်လို့ဆိုကာ ထောင်ဒဏ်(၁၄)နှစ်အထိချမှတ်နိုင်တဲ့လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ပြီးခဲ့တဲ့၂၀၁၇ခုနှစ်ဒီဇင်ဘာလ(၁၂)ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။အမှုမှာတရားလိုပြသက်သေ၂၂ဦးနဲ့တရားခံပြသက်သေ(၃)ဦးတို့ကိုစစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal 

0 comments:

Post a Comment