ချန်ပီယံလိဂ်အုပ်စု (C) အ ဖွင့်ပွဲအဖြစ် ယနေ့ည တွေ့ဆုံမည့် လီဗာပူးသည် ယခုနှစ်ချန်ပီယံ လိဂ်၌ ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် ပါဝင်ကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူ ချယ်က ကစားသမားများကို သတိပေးသည်။
ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဒုတိယဖြင့် ကျေ နပ်ခဲ့ရသည့် လီဗာပူးသည် ယခု နှစ်တွင်လည်း အဆင့်ဆင့်ဖြတ် ကျော်ရန် အလားအလာရှိသည်ဟု တူချယ်က ယုံကြည်ထား သည်။
‘‘ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေ အများ ကြီးရှိပြီး အဲဒီထဲမှာ လီဗာပူးလည်း ပါပါတယ်’’ ဟု ဒေါ့မွန်နည်းပြ ဟောင်း တူချယ်က ပြောသည်။
ထို့အပြင် ပီအက်စ်ဂျီအတွက် ပထမဆုံးချန်ပီယံလိဂ် ဖလားရရှိရန် အပြောင်းအလဲပြု လုပ်လိုကြောင်း တူချယ်ကဖွင့်ဟ ပြောကြားသည်။
‘‘ချန်ပီယံလိဂ်မှာ အတွေ့အ ကြုံရှိဖို့နဲ့ ဗိုလ်စွဲဖို့က အလွန်အရေး ကြီးပါတယ်။ ပီအက်စ်ဂျီက ဗိုလ် မစွဲဖူးပါဘူး။ ဗိုလ်မစွဲဖူးရင် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထက် ပိုပြီးတော့ စိန်ခေါ်နိုင်စွမ်းရှိ သူဖြစ်စေနိုင်တယ်။ ကျွန်တော်တို့ ရဲ့ပင်ကိုစိတ်အခံကို ပြောင်းလဲပစ်ရပါမယ်’’ ဟု တူချယ်က ပြောသည်။
တူချယ်၏ ပီအက်စ်ဂျီသည် ပြင်သစ်လီဂူးဝမ်းအစ ငါးပွဲဆက် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေကာ ဒုတိယနေရာမှ မာဆေးကို ငါးမှတ် ဖြတ်ထားသည်။
ထိုအတောအတွင်း လီဗာပူး နည်းပြဂျာဂန်ကလော့ပ်က လီဗာပူးအနေဖြင့် ၁၉၉၀ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား ပထမဆုံး ဆွတ်ခူးနိုင်ရေး စိတ်နှစ်ထားရုံမက ပြိုင်ပွဲစုံတွင် အာရုံစိုက်ထား ကြောင်း အလေးအနက်ပြောထားသည်။
ထို့အပြင် ပီအက်စ်ဂျီနှင့်ပွဲတွင် လူစုံထုတ် ကစားမည်ဖြစ် ကြောင်း ကလော့ပ်က ပြောကြားသည်။
လီဗာပူးသည် ပရီးမီးယားလိဂ်အဖွင့် ငါးပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားပြီး ထိပ်ဆုံးရှိချယ်လ်ဆီးနှင့် ရမှတ်တူသော်လည်း ဂိုး ကွာခြားချက်ကြောင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေသည်။
Ref: Independent/skysport
7Day







0 comments:
Post a Comment