Tuesday, October 30, 2018

မယားငယ်ယူသည့် ခင်ပွန်းကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကောင်းကန်ရွာတွင် မယားငယ်ယူသည့် ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက တိုင်ကြားခဲ့၍ အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်ဇော်မောင်သန်းက ပြောကြားသည်။ 
“တိုင်ကြားတဲ့ မယားကြီးက ကလေး ၆ ယောက်ရှိတယ်၊ သူ့ယောကျာ်းက ကလေး ၄ ယောက်အမေ မယားငယ်ကို လွန်ခဲ့တဲ့တစ်လလောက်က ရွာဓလေ့ထုံးစံအရ တစ်ရွာလုံးကို ဝက်သတ်ကျွေးပြီး ယူလိုက်လို့ လာတိုင်ကြားတာပါ၊ တရားခံကို ဒီမနက်သွားဖမ်းတာ ထွက်ပြေးတိမ်းရှောင်သွားတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အားနီ (၃၁ နှစ်) ကို(ပ) ၅၁၇/ ၂၀၁၈၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် အရေးယူထားပြီး ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment