Tuesday, February 26, 2019

ကျောက်ဖြူ ထွေအုပ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ၀န်ထမ်း ၈ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်က ၀န်ထမ်းတွေ အမှိုက်ပုံမီးရှို့ရာက ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ ဦး ဒဏ်ရာရသွားပါတယ်။ 
ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ အနောက်ဘက် ပေ ၃၀ခန့်အကွာမှာရှိတဲ့ ခြုံနွယ်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမိုးကျော် ဦးဆောင်ပြီး ၀န်ထမ်းအင်အား ၅၀ လောက်နဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မီးရှို့ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲမှူးရုံးက သိရပါတယ်။ 

ပေါက်ကွဲမှုကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်း ၈ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာအသီးသီး ရရှိခဲ့တဲ့အတွက် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုမှု ခံယူနေရပါတယ်။ 

အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်ပြီး မီးသတ်ကားနဲ့ ရှင်းလင်း ဆောင်ရွက်ကာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်နေတယ်လို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲမှူးရုံးက စုံစမ်းသိရပါတယ်။ 





သတင်း- နောင်နောင်
DVB


0 comments:

Post a Comment