Tuesday, March 12, 2019

စင္ကာပူ၊ ၾသေစၾတးလ်၊ တရုတ်၊ အင်ဒိုနီးရှားနိုင်ငံတို့ က ဘိုးရင်း 737 MAX 8 လေယာဉ်များ ပြေးဆွဲမှု ရပ်ဆိုင်း


စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့ ဟာ ၄င်းတို့ ရဲ့  လေဆိပ်တွေမှာ ဘိုးရင်း 737 MAX အမျိုးအစား လေယာဉ်တွေအားလုံး ၀င်ထွက် ပြေးဆွဲမှု ရပ်ဆိုင်းလိုက်သလို အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ ကလည်း အမေရိကန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့  ယင်း နောက်ဆုံးပေါ်မော်ဒယ်လေယာဉ်တွေကို ပျံသန်းမှု ရပ်ဆိုင်းလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ ၅ လတာ ကာလအတွင်းမှာ ယင်းလေယာဉ်အမျိုးအစားတွေ ဒုတိယမြောက် ပျက်ကျမှုအဖြစ် အီသီယိုပီးယား လေကြောင်းလိုင်းပိုင် ဘိုရင်း ၇၃၇ လေယာဉ်တစ်စင်း ပျက်ကျအပြီးမှာ အခုလို ယာယီရပ်ဆိုင်းမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ 


အခုလို စိုးရိမ်ထိတ်လန့် လာမှုတွေကြောင့် ကမ္ဘာ့ အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီရဲ့  ဈေးကွက်တန်ဖိုး ဒေါ်လာဘီလီယံချီကာ ထိခိုက်ခဲ့ရပါတယ်။ တနင်္လာနေ့ မှာ ဘိုရင်းကုမ္ပဏီရဲ့  ရှယ်ယာ ၅ ရာခိုင်နှုန်း အကျနဲ့  ပိတ်သိမ်းခဲ့ပါတယ်။ 

Flightglobal ရဲ့  ဖော်ပြမှုအရ အကြီးဆုံးဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှ ၉၇ စင်း အပါအ၀င် ကမ္ဘာတ၀န်း အသုံးပြုပြေးဆွဲနေတဲ့ ဘိုးရင်း 737 MAX ဂျက်လေယာဉ် ၃၇၁ စင်း ရှိရာမှာ ၄၀ ရာခိုင်နှုန်းနီးပါး ပျံသန်းမှု ရပ်ဆိုင်းထားလိုက်တာဖြစ်ကြောင်း သိရပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦးစလုံး သေဆုံးခဲ့ရတဲ့ အီသီယိုပီးယား ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့အပြီး နောက်တစ်နေ့ မှာတော့ ယင်းလေယာဉ်တွေဟာ ပျံသန်းပြေးဆွဲဖို့  ဘေးကင်းလုံခြုံမှုရှိပါကြောင်း အမေရိကန်က ပြောဆိုခဲ့ပါတယ်။

စင်ကာပူနိုင်ငံလေယာဉ်ကွင်းတွေမှာ ထွက်ခွာ၊ ဆိုက်ကပ်နေတဲ့ ဘိုးရင်း 737 MAX လေယာဉ်တွေကို ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း လုံခြုံဘေးကင်းမှုဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေနဲ့ သတင်းအချက်အလက်တွေ ပိုမိုရယူစုဆောင်းသွားမှာဖြစ်ကြောင်း စင်ကာပူ အရပ်ဖက်လေကြောင်း အာဏာပိုင်အဖွဲ့  CAAS က ထုတ်ပြန်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းမှာ သြစတြေးလျ အရပ်ဖက်လေကြောင်း အာဏာပိုင်အဖွဲ့ ကလည်း စင်ကာပူရဲ့  ဆုံးဖြတ်ခဲ့သလိုပဲ ၄င်းတို့ လေယာဉ်တွေ ပျံသန်းမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။

ဆက်စပ်သတင်းတစ်ပုဒ်အရ အီသီယိုပီးယား စုံစမ်းစစ်ဆေးသူတွေဟာ လေယာဉ်ရဲ့  မှတ်တမ်းတင်ကိရိယာ ဘလက်ဘောက်စ်နှစ်ခုလုံးကို ရှာတွေ့ ခဲ့ပြီလို့  ဆိုပါတယ်။ အဒစ္စအဘာဘာမြို့ ရှိ လေယာဉ်ကွင်းကနေ လေယာဉ်ပျံတက်အပြီး မိနစ်ပိုင်းအကြာ လယ်ကွင်းပြင်ပေါ် ပျက်မကျမီ လေယာဉ်ပေါ် ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ အချက်အလက် တွေကို ယင်း ဘလက်ဘောက်စ်တွေက မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။

Ref: Reuters 

ကိုလင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment