Friday, March 15, 2019

တပ်မတော်နှင့် AA တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ကျောက်တော်မြို့သို့ စစ်ဘေးရှောင်များ ရောက်ရှိ



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း၌ တပ်မတော်နှင့် AA တိုက်ပွဲများ ပြင်းထန်နေသည့် အတွက် ကန်စောက်ကျေးရွာ စစ်ရှောင်စခန်းမှ စစ်ရှောင်ဦးရေ ၅၀ ကျော် ရောက်ရှိလာသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က The Ladies News သို့ ပြောကြားသည်။ 

မနေ့က (မတ်လ ၁၄ တွင်) မြောက်ဦး- ကျောက်တော်ကားလမ်းမ တွင်ပေါ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကန်စောက်ပတ်ဝန်းကျင်ရှိ တောတောင်များတွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ တိုက်ပွဲများ ပြင်ထန်နေသည့်အတွက် ကန်စောက် စစ်ရှောင်စခန်းမှ စစ်ရှောင်များသည် မလုံခြုံသည်ဟု ယူဆကာ ကျောက်တော် မြို့သို့ ရောက်ရှိလားခြင်းဖြစ်သည်ဟု ဦးမောင်သန်းစိန် က ပြောကြားသည်။ 
"ဒေသပတ်ဝန်းကျင်က ရွာသားတွေ ပြောပြတာကတော့ မနက် မိုးလင်းကတည်းက ညနေမိုးချုပ်တဲ့ အထိ တိုက်တယ်။ ဟိုတစ်နေ့က ဆိုလို့ရှိရင် ကန်စောက် ပတ်ဝန်းကျင်က တောတောင်တွေထဲမှာ ည ၁၂ နာရီလောက်အထိ တိုက်တယ်။ အဲလိုတွေဖြစ်နေတော့ မနေရဲလို့ ကန်စောက်ဒုက္ခသည် စခန်းကလူတွေ မနေ့က ပြောင်းလာတာ" ဟု ၎င်း ကပြောကြားသည်။ 
ကျောက်တော်သို့ ရောက်ရှိလာသည့် စစ်ရှောင်များထဲတွင် ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများ လည်း ပါဝင်ပြီး နောက်ထပ် စစ်ရှောင်များလည်း ရောက်လာနိုင်ခြေ ရှိသည်ဟုဆိုသည်။ ရခိုင်းစစ်ရှောင်များကို အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်နေသည့် ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ကိုအောင်ကျော် ကတော့ ရခိုင်ပြည်နယ်အတွင်း၌ စစ်ရှောင်ဦးရေး ၁၂၀၀၀ ကျော် ဝန်းကျင်းရှိနေပြီဟု ဆိုပါသည်။ 
တပ်မတော်နှင့် AA တို့သည် ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားမှုကြိမ်ရေ ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။ 

credit - အေးခိုင်စော 
အောင်ရဲနောင် 
The Ladies News 

0 comments:

Post a Comment