Friday, March 15, 2019

ULA/AA ကို တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ကြား


ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် တစ်ခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့နှင့်အတူ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက မတ် ၁၃ ရက်နေ့စွဲဖြင့် ဖိတ်ကြားလိုက်သည်ဟုသတင်းရရှိသည်။ 
၎င်းဖိတ်ကြားစာအား အတွင်းရေးမှူး(ကိုယ်စား) ဦးဇော်ဌေး (ညွှန်ကြားရေးမှူးချုပ်) က လက်မှတ်ရေးထိုး ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်သွားမည်ဟု သိရသည်။ 

(ဖိတ်စာအပြည့်အစုံကို အောက်တွင် ဖော်ပြထားသည်။)
Narinjara 

0 comments:

Post a Comment