Wednesday, March 27, 2019

သရုပ်ဆောင်ဝေဠုကျော်နဲ့ သင်းသင်းတို့ရဲ့အမှု မစစ်ဖြစ်ဘဲ ရုံးချိန်းပြန်ချိန်း


ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ ၅ ကြိမ်မြောက် ရုံးချိန်းကို မတ်လ ၂၈ ရက်နေ့က၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ 
ဒီနေ့ ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ၊ တရားလိုဘက်မှ သက်သေခံချက်များကို ပြန်လည်စစ်မေးရမှာဖြစ်သော်လည်း စွပ်စွဲခံရသူရဲ့ ရှေ့နေဘက်မှ တခြားသော အမှုရုံးချိန်းနဲ့ တိုက်ဆိုင်နေတာကြောင့် မစစ်ဆေးဖြစ်ဘဲ နောက်တရက်ကိုသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ 

ဇန်နဝါရီလ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက စတင် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်မှ တရားရုံးသို့ လာရောက်၍ အာမခံ လျှောက်ထားခဲ့ကာ ပြီးခဲ့တဲ့ တပတ် ရုံးချိန်းမှာတော့ စတင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဧပြီလ ၁၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ 







သတင်းနှင့်ဓာတ်ပုံ - ယုဖြူဟန်/ဧရာဝတီ

0 comments:

Post a Comment