Thursday, March 28, 2019

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအွန် က တပ်မတော်အစည်းအဝေးကို ကျင်းပ



ကိုရီးယားပြည်သူ့တပ်မတော်(KPA)ခေါင်းဆောင်များနဲ့ နိုင်ငံရေးနည်းပြများ (၅)ကြိမ်မြောက် အစည်းအဝေးကို အခုလသီတင်းပတ်အစောပိုင်းက ပြုံယမ်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ 

ဒီအစည်းအဝေးကို မြောက်ကိုရီးယားခေါင်းဆောင်ကင်မ် နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေအများအပြား တက်ရောက်ခဲ့ကြပုံကို နိုင်ငံပိုင် မီဒီယာ KRT မှာ အခုလ(၂၇)ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။ 

အစည်းအဝေးအတွင်း ကင်မ်က မိန့်ခွန်းပြောကြားရာမှာတော့ စိန်ခေါ်မှုတွေနဲ့ ဆင့်ကဲဆင့်ကဲ ကြုံတွေ့ခဲ့ရပေမယ့်၊ သူ့မှာ အားကိုးအားထားရတဲ့ တပ်မတော်ရဲဘော်ရဲဘက်တွေရှိတာကြောင့် ကြောက်လန့်စရာ၊ ချီတုံချတုံဖြစ်စရာ ဘာမှမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ 
  
ဒီအစည်းအဝေးကို အခုလ(၂၅)ရက်နေ့က (၂၆)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပတာဖြစ်ပြီး၊ မြောက်ကိုရီးယား တပ်မတော်ရဲ့ ထိပ်တန်းအဆင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 



ဘာသာပြန် - စုစံစိုး
One News Myanmar 


0 comments:

Post a Comment