
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၂ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြ င့် သက်ဆိုင်ရာအခြေခံပညာကျောင်း များရှိ စာစစ် ဌာနအသီးသီးတွင် ဆက်လက်ကျင်းပခဲ့ရာ ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုပြီးသည့် ဘာသာရပ်များအနက် သင်္ချာဘာသာရပ်သာ ခက်ခဲပြီး ကျန်ဘာသာရပ်များမှာ လွယ်ကူကြောင်း ကျောင်းသား၊ ကျောင်းသူများက ပြောဆိုသည်။
ရူပဗေဒဘာသာရပ်ဖြေဆိုသည့်နေ့ တွင် စာရင်းပေးထားသူဦးရေ ၇၆၃၆၄၃ ဦးအနက် ၇၂၅၄၄၉ ဦး ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၃၈၁၉၄ ဦးရှိခဲ့ကြောင်း သိရသည်။
” ဒီနေ့ဖြေရတာတော့ တော်တော်လေး အဆင်ပြေပါတယ်။ ဂုဏ်ထူးထွက်မယ်လို့ ထင်ပါတယ်။ ဂုဏ်ထူးထွက်နိုင်လောက်တဲ့ အနေအထားအထိ မေးပေးတယ်လို့ ထင်တယ်။ ဖြေပြီးတဲ့အထဲမှာခက်တယ်လို့ ထင်တာက သင်္ချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ section C ဆိုတာကcycle ပေါ့။အဲဒီအပိုင်းက နည်းနည်းလှည့်လိုက်တာနဲ့ ကျွန်တော်တို့အတွက် ဒုက္ခရောက်ဖို့ များတယ်။ အဲဒီအပိုင်းကိုနည်းနည်းလှည့် လိုက်တော့ လွယ်တာတော့လွယ်တယ်။ ကလေးတွေ ပျာသွားတယ်။ စဉ်းစားတွေးခေါ်မှုအပိုင်းကို မေးသွားတော့ နည်းနည်း ခက်သွားတယ်။ကျန်တဲ့ဘာသာတွေက တော့ စဉ်းစားတွေးခေါ်မှုအပိုင်းကို မေးတော့မေးတယ်။ဒါပေမဲ့ဖြေနိုင်လောက်တဲ့ အနေအထားကို မေးသွားတယ်။ ဒီစာမေးပွဲကအောင်တဲ့သူများသွားအောင်လုပ်ပေးတယ်လို့ထင်ပါတယ်”ဟု လသာမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှမောင်သိန်းထွန်းအောင်ဝင်းက ပြောဆိုသည်။
လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းေ ကျာင်းမှ မမေမျိုးမြတ်က”အရမ်းဖြေနိုင်ပါတယ်။ အရမ်းလွယ်တယ်။ မော်ဒန် Physi cs ကတော့နည်းနည်းခက်တယ်။ ရှေ့အခန်းတွေကတော့ လွယ်ပါတယ်။ ဖြေပြီးတဲ့အထဲမှာသင်္ချာကတော့ အခက်အခဲဆုံးပါပဲ။နောက်က section C ကို အရမ်းမေးထားတဲ့အတွက် နည်းနည်းလှည့်ထားတော့ ခက်သွားတာပါ။ ကျန်တာတွေကတော့ လွယ်ပါတယ်။ ဒီနေ့ ရူပဗေဒကတော့ အကောင်းဆုံးဖြေနိုင်ပါတယ်”ဟုပြောဆိုသည်။
၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၆ ရက်တွင် မြန်မာစာ၊မတ် ၇ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၈ ရက်တွင် သင်္ချာ၊ မတ် ၉ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၁ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၂ ရက်တွင် ရူပဗေဒ၊ မတ် ၁၃ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ ၊ မတ် ၁၄ ရက်တွင် ပထ၀ီဝင်နှင့် မတ် ၁၅ ရက်တွင် သမိုင်းဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
”ဖြေနိုင်ပါတယ်။ အောင်မှတ်ကျော်မယ်လို့ ထင်ပါတယ်။ ဖြေပြီးတဲ့အထဲမှာ ဓာတုဗေဒကတော့ နည်းနည်းခက်ပါတယ်။ လှည့်တော့မလှည့်ထားပေမယ့် သိပ်မရဘူးဖြစ်သွားတယ်” လသာမြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှမောင်ကျော်စိုးလင်းကပြော ဆိုသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံကိုမြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ရူပဗေဒ၊ ဘောဂဗေဒ၊ ဇီဝဗေဒ၊ သမိုင်း၊ပထ၀ီဝင်စသည့် ဘာသာရပ်ကိုးခုကိုမေးခွန်းပုံစံသစ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး စိတ်ကြိုက်မြန်မာစာဘာသာရပ်တ စ်ခုသာ မေးခွန်းပုံစံမပြောင်းလဲကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲရခြင်းမှာစဉ်းစားေ တွးခေါ်ရသည့် မေးခွန်းပုံစံများအဖြစ် ဖန်တီးပေးခြင်းဖြစ်ကြောင်း သိရသည်။






0 comments:
Post a Comment