Monday, March 11, 2019

မောင်တောမြို့တွင် ရခိုင်ပြည်နယ်အလံများ လွှင့်ထူ


ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မတ်လ ၁၀ ရက်ညက စတင်ပြီး ဈေးဆိုင်တွေနဲ့ နေအိမ်တွေမှာ ရခိုင်ပြည်နယ်အလံတွေ လွှင်ထူထားပါတယ်​။ 
“ရခိုင်လူမျိုးတယောက်ဖြစ်သောကြောင့် မိမိတို့၏ရခိုင်အလံကို ဂုဏ်ယူစွာ လွှင့်ထူချင်တဲ့ စိတ်နဲ့ မိမိတို့နေအိမ်တွေ၊ ဈေးဆိုင်တွေမှာ လွှင့်ထူတာဖြစ်တယ်။ ဘယ်သူကိုမှ မထိခိုက်စေပါဘူးဗျာ” လို့ အလံလွှင့်တင်ထားတဲ့ ဆိုင်​ရှင်တဦးက ပြောကြားပါတယ်​။ 

မတ် ၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်အလံအား မြောက်ဦးမြို့နဲ့ စစ်တွေမြို့တို့က နေအိမ်အတော်များများမှာ ရခိုင်ပြည်နယ် အလံတွေကို စိုက်ထူလွှင့်တင်ထားခဲ့ကြတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment