Monday, March 11, 2019

ချောက်မြို့နယ်တွင် ဘုရားမီးပူဇော်ရာမှမီးလောင်၊ နေအိမ်​ ၁၃ လုံး ဆုံးရှုံး


မ​ကွေးတိုင်းတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ ဆင်​က​ကျေးရွာမှာ​ ဘုရားမီးပူ​ဇော်​ရာကနေ မီးစတင်​​လောင်​ကျွမ်းတာကြောင့် ​နေအိမ်​ ၁၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ချောက်​မြို့နယ်​ မီးသတ်​ဦးစီးထံက သိရပါတယ်​။ 
ည ၁၀ နာရီဝန်းကျင် အချိန်​လောက်က ဆင်​က​ကျေးရာ​နေ ဦးရန်​ကြီး​အောင်​​နေအိမ်​ ဘုရားစဉ်​မှာ ဖ​ယောင်းတိုင်​မီးပူ​ဇော်​ထားရာက ​နေအိမ်​ထန်းရွက်​အကာကို ကူးစက်ပြီး မီးစတင်​​လောင်​ကျွမ်းခဲ့တာပါ။ 

ချောက်​မြို့နဲ့ ၉ မိုင်​လောက်အကွာ အခင်းဖြစ်​​နေရာကို ​မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်​ယာဉ်​ ၆ စီး ​ရေသယ်​ယာဉ်​ ၃ စီးတို့နဲ့ သွား​ရောက်​ငြှိမ်းသတ်​ခဲ့​ကြောင်း သိရပါတယ်​။ 

ဆုံးရှုံးမှု တန်​ဖိုး ၅ သိန်းလောက် ပျက်​စီးဆုံးရှုံးခဲ့ရပြီး လူနဲ့တိရစ္ဆာန်​ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်​။ 

မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးရန်​ကြီး​အောင်​အား ​​မီးပေါ့ဆမှုနဲ့ အမှုဖွင့်အ​ရေးယူထား​ကြောင်း သိရပါတယ်​။ 

ကိုလင်း(​ချောက်​)
DVB

0 comments:

Post a Comment