၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန (၂)ခု၌ ယနေ့ နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာ) ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန (၂) ခုတို့၌ ကျောင်းသား (၃၄၄) ဦး၊ ကျောင်းသူ (၃၄၂) ဦး စုစုပေါင်း (၆၈၆) ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား (၃၃၀) ဦး၊ ကျောင်းသူ (၃၃၅) ဦး စုစုပေါင်း (၆၆၅) ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁) ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၆ ဒသမ ၉၄ ရာခိုင်နှုန်း ဖြေဆိုကြောင်း သိရသည်။








0 comments:
Post a Comment