နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ရှိ ပလီနှစ်ခုတွင် သေနပ်ဖြင့် အကြမ်းဖက်ပစ်ခတ်မှု ယနေ့နံနက်ပိုင်း(ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၀မိနစ်ခန့်)က ဖြစ်ပွားခဲ့ရာ လူမည်မျှသေဆုံးကြောင်းကို ဒေသခံရဲတပ်ဖွဲ့က အတည်မပြုသေးချေ။ ဒေသခံမီဒီယာများကမူ ကနဦးသတင်းအဖြစ် လူခြောက်ဦးအထိသေဆုံးကြောင်း ရေးသားခဲ့ကြသည်။
ယင်းပစ်ခတ်မှုနှင့်ပတ်သက်သူတစ်ဦးကိုမူ ရဲမှ ဖမ်းဆီးရရှိထားသည်။
နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ”နယူးဇီလန်နိုင်ငံရဲ့ မှောင်ကျတဲ့ နေ့တစ်နေ့ပါပဲ”ဟုပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သော ပလီနှစ်ခုသည် ခရစ်ချာ့ခ်ျမြို့ လင်းဖို့ရိပ်သာလမ်းနှင့် ဒင်း(စ်)ရိပ်သာလမ်းတို့တွင်တည်ရှိသည်။
မြို့နေပြည်သူများအား အိမ်ထဲတွင်သာနေထိုင်ကြရန် ဒေသခံရဲတပ်ဖွဲ့က နှိုးဆော်ထားပြီး ကျောင်းများနှင့် အများပြည်သူသွားလာရာ အဆောက်အအုံများကို ယာယီပိတ်ထားလိုက်သည်။
ဒဏ်ရာရရှိသူများကို ဆေးရုံတွင် ပြုစုကုသမှုများပြုလုပ်ပေးထားကြောင်း ခရစ်ချာ့ခ်ျမြို့ဆေးရုံမှ ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
ဒဏ်ရာရရှိသူဦးရေကို အတိအကျမသိရသေးသော်လည်း မလေးရှားနိုင်ငံသားတစ်ဦးပါဝင်ကြောင်းကိုမူ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
သေဆုံး ဒဏ်ရာရရှိသူအများစုမှာ နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာကြသူများဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်အသေးစိပ်ကို သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခြင်းမရှိသေးချေ။
Popular News Journal









0 comments:
Post a Comment