Thursday, March 28, 2019

ထိုင်းရွေးကောက်ပွဲရလဒ်ထုတ်ပြန်လိုက်ပြီး ဖလမ်ဖရာချရတ်ပါတီ လူထုထောက်ခံမှုအများဆုံးရရှိထား


စစ်အစိုးရထောက်ခံသည့် ဖလမ်ဖရာချရတ်ပါတီက လူထုထောက်ခံမဲ (၈.၄)သန်းရရှိပြီး သက်ဆင်ထောက်ခံထားသည့် ဖွေထိုင်းပါတီက လူထုထောက်ခံမဲ (၇.၉)သန်း ရရှိကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ကြေညာလိုက်သည်။ 
ရွေးကောက်ပွဲရလဒ်မထွက်လာသေးသည့်အတွက် ဖိအားအမျိုးမျိုးဖြင့်ရင်ဆိုင်နေရသည့် ကော်မရှင်က သတင်းစာရှင်းလင်းပွဲထုတ်ပြန်ကြေညာလိုက်ခြင်းဖြစသည်။ 

Future Forward ပါတီက လူထုထောက်ခံမဲ (၆.၂)သန်း၊ ဒီမိုကရက်ပါတီက လူထုထောက်ခံမဲ (၃.၉)သန်းနှင့် Bhumjaithai က လူထုထောက်ခံမဲ(၃.၇)သန်းအသီးသီးရရှိထားကြောင်း သိရသည်။ 

ထိုင်းရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မှတ်ပုံတင်ခဲ့သူ (၅၁)သန်းကျော်အနက် (၃၈.၂)သန်း မဲပေးခဲ့ကြပြီး (၂.၁)သန်းကျော်မှာ ပယ်မဲများဖြစ်သွားခဲ့ကြောင်း ကော်မရှင်က ကြေညာသည်။
  
Tachileik News Agency

0 comments:

Post a Comment