Thursday, March 28, 2019

သက်ဆင်က ထိုင်းအဆင့်မြင့် အဖွဲ့အစည်းတွေကို မလေးမစားလုပ်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ပြော


ပြည်ပြေးထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ နိုင်ငံရဲ့ အဆင့်မြင့်အဖွဲ့အစည်းတွေကို မလေးမစားလုပ်ပြီး သူ့သိက္ခာကို မထိန်းထားနိုင်ဘူးလို့ပြောတဲ့အပြင် သူ့ရဲ့ စစ်မှုထမ်းဟောင်းဘွဲ့တွေကိုလည်း ပြန်ရုတ်သိမ်းသင့်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပီပတ် ဘန်ဂျာဆရီက မတ်လ (၂၈)ရက်မှာ ပြောပါတယ်။ 
ဘန်ကောက်က လက်နက်ကိုင်တပ်ရင်း ၁၁ မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ 
ထိုင်းစစ်တက္ကသိုလ်ရဲ့ စစ်မှုထမ်းဟောင်း ဖောင်ဒေးရှင်းဘုတ်အဖွဲ့က ထူးချွန် ကျောင်းသားဟောင်းစာရင်းကနေ သက်ဆင်ကို ဖယ်ထုတ်လိုက်ပြီး ချပ်ဒေါင်စစ်မှုထမ်းဟောင်းဘွဲ့ကိုလည်း ရုတ်သိမ်းလိုက်တယ်လို့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပွန်ပီပတ်ကပြောပါတယ်။ 
ပြီးခဲ့တဲ့သောကြာနေ့က ဟောင်ကောင်မှာ သက်ဆင်ရဲ့အထွေးဆုံးသမီး ပယ်တွန်တာ ရှင်နာဝပ်ထရာရဲ့မင်္ဂလာဆောင်ကျင်းပခဲ့ပြီးနောက် အခုဖြစ်ရပ်ဖြစ်လာတာပါ။ 
သက်ဆင်ကို အခုလိုအရေးယူတာရဲ့နောက်ကွယ်မှာ နိုင်ငံရေးလှည့်ကွက်တွေ မပါဘူးလို့ ပွန်ပီပတ်ကပြောပါတယ်။ 
သက်ဆင်ဟာ ထိုင်းစစ်တက္ကသိုလ်၊ အပတ်စဉ် ၁၀ ကဖြစ်ပြီး ၁၉၆၈ ခုနှစ်မှာ ကျောင်းဆင်းခဲ့တာပါ။ 
စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ရာမှာပါဝင်ခဲ့လို့ ၁၉၉၁ ခုနှစ်မှာ သူ့ကိုချပ်ဒေါင်ဆုပေးခဲ့ပြီး စီမံခန့်ခွဲ့မှုကောင်းမွန်တာကြောင့် ထိုင်းကနေ သူထွက်ပြေးပြီး ၃ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ အလားတူဆုမျိုးထပ်ရခဲ့ပါတယ်။ 
သူ့ရဲ့ ခရိုင်ရဲမှူးကြီးရာထူးတာဝန် ထမ်းဆောင်ဖူးတာကို ပယ်ဖျက်ဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးက အဆိုပြုခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်မှာ ပယ်ဖျက်ခဲ့ပါတယ်။ 

#ရွှေတြိဂံဒေသသတင်းလွှာ

0 comments:

Post a Comment