ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက် ပြီး ဖြစ်ပေါ်နေသည့် သံတမန်တိုက်ပွဲတွင် စိတ်ခံစား မှုများဖြင့်လုပ်ဆောင်၍ မရသောကြောင့် အစိုးရ၏ ဘက်ပေါင်းစုံစဉ်းစားဖြေရှင်းနေမှုကို ဝန်းရံကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်များက အကြံပြုသည်။
ဒုတိယသမ္မတဟောင်း ဇီးကုန်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်း တင်သွင်းသော OIC, EU နှင့် UNHCR တို့၏ လုပ်ဆောင်နေမှုများ သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို အကျပ်အတည်းအတွင်း တန်းပို့ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးရေး ထောင်ချောက်ဆင်ထား သည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်း ဖြစ်၍
မြန်မာနိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းကင်းဖြင့် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မတ်လ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဒီချုပ်အမတ်များက ဆွေးနွေးစဉ် ထိုသို့အကြံပြုခြင်း ဖြစ်သည်။
ရခိုင်အရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် သံတမန်တိုက်ပွဲ တွင် ဝမ်းနည်းပြခြင်း၊ ဒေါသဖြစ် ခြင်း စသည့် စိတ်ခံစားမှုများဖြင့် လုပ်ဆောင်၍မရကြောင်း ညောင် ရွှေပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးနေမျိုးက ပြောသည်။
‘‘ယနေ့ သံတမန်တိုက်ပွဲမှာ လည်း လက်ရှိအစိုးရအနေနဲ့ အ ခြေခံထားရမယ့် ပြဿနာရပ်ကို ဘက်ပေါင်းစုံစဉ်းစားပြီး တည် ငြိမ်ခိုင်မာပြတ်သားစွာ ဖြေရှင်း နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအတွက် စိတ်ရှည်ဇွဲသန်စွာနဲ့ အားလုံးပူးပေါင်းဖြေရှင်းနေတဲ့ နိုင်ငံတော်အစိုးရကို ဝိုင်းဝန်းကြဖို့ အကြံပြု ဆွေးနွေးလိုက်ရပါတယ်’’ ဟု ၎င်းကပြောသည်။
အိမ်မဲပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ် ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ သဘောထားကို ပြတ်သားစွာ ပြောကြားပြီးဖြစ်ကြောင်း၊ ရခိုင် ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဖိအားများ တုံ့ပြန်ဖြေရှင်းနေချိန်၊ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံ သားစိစစ်ရေးလုပ်ငန်းစဉ်နှင့်အ တူ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ် ကိုင်နေချိန်တွင် တိုက်ဆိုင်စွာဖြင့် နယ်ခြားစောင့်စခန်းများ တိုက် ခိုက်ခံရခြင်းကို အဘယ်ကြောင့် မသိကျိုးကျွံမျက်ကွယ်ပြုနေသ လဲဟု ကမ္ဘာကို မေးခွန်းထုတ်တုံ့ ပြန်ခဲ့ကြောင်း ပြောသည်။
‘‘အစွဲကင်းကင်းနဲ့တစ်သံ တည်းထွက်ကြမယ်ဆိုရင် နိုင်ငံ တော်အစိုးရရဲ့ ရပ်တည်ချက် နောက်ကသာလိုက်ပြီး တစ်သံ တည်းထွက်ကြဖို့ရှိတယ်လို့ အကြံ ပြုလိုပါတယ်’’ ဟု ဒေါ်သန္တာကဆို သည်။
အဆိုရှင်က နိုင်ငံအချို့ပူး ပေါင်းကြံစည်ပြီး မြန်မာနိုင်ငံအ ပေါ် နိုင်ငံရေး၊ သံတမန်အရေး၊ စီးပွားရေးဖိအားများပေးရန် လုပ် ဆောင်ခြင်းသည် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကျပ်အ တည်းတွေ့စေပြီး အခန့်မသင့်ပါ က နိုင်ငံပြိုကွဲမှု ထောင်ချောက်ထဲ ကျသွားစေနိုင်ကြောင်း ပြောဆိုခဲ့ ရာ နိုင်ငံပြိုကွဲမှုထောင်ချောက်ဆို သည့် စကားကို သတိထားသုံး သင့်ကြောင်း ဒေါ်သန္တာက အကြံ ပြုသည်။
ဦးဉာဏ်ထွန်း တင်သွင်း သော အဆိုကို ပြည်ထောင်စုဝန် ကြီး ဦးကျော်တင်က မှတ်တမ်း တင်ရန် အကြံပြုသော်လည်း အဆိုရှင်က အတည်ပြုရန် လို လား၍ ပြည်ထောင်စုလွှတ်တော် ၌ မဲခွဲဆုံးဖြတ်ရာအဆိုကို ကန့် ကွက်သူများ၍ ရှုံးနိမ့်ပြီး မှတ် တမ်းအဖြစ်သာ ထားရှိခဲ့သည်။
7Day






0 comments:
Post a Comment