Monday, March 11, 2019

ရန်ကုန်လေဆိပ်တွင် ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် နိုင်ငံခြားသား သုံးဦးကို စစ်ဆေးနေ


ရန်ကုန်လေဆိပ်တွင် ယမန်နေ့ နံနက်က နိုင်ငံခြားသား သုံးဦးထံမှ ကျပ်သိန်း ၁၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိကြောင်း မင်္ဂလာ ဒုံမြို့မရဲစခန်းမှူးက ပြောသည်။ 
မတ်လ ၁၁ ရက် နံနက် ၁ နာရီက ရန်ကုန်လေဆိပ်မှ ဟောင်ကောင်သို့ ထွက်ခွာမည့် Cathay Dragon လေကြောင်း KA.251 ဖြင့် လိုက်ပါမည့် ဗြိတိန်နိုင်ငံသား နှစ်ဦးနှင့် နီပေါနိုင်ငံသားတစ်ဦး၏ ခရီးဆောင်အိတ်လေးလုံးကို X-Rays စက်တွင်စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် ၎င်း တို့အိတ်အတွင်းမှ အလေးချိန် ၁၁ ဒသမ ၂ ကီလိုဂရမ်၊ ကာလ တန်ဖိုးကျပ်သိန်း ၁၁,၂၀၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြသည်။ 

‘‘သူတို့ပြောတာက တာချီ လိတ်မှာရှိတဲ့ နီပေါနိုင်ငံသား တစ် ယောက်ဆီက ရတယ်လို့ပြော တယ်။ ကျန်တရားခံတွေကိုတော့ မူးယစ်တပ်ဖွဲ့ကဆက်ပြီး စုံစမ်း နေပါတယ်။ လက်ရှိမှာ ဒီတရားခံ သုံးဦးစလုံးကို စခန်းမှာပဲ ဖမ်းချုပ် ထားတယ်’’ဟု အထက်ပါစခန်း မှူးက ပြောသည်။ 

အဆိုပါ နိုင်ငံခြားသားသုံး ဦးသည် တာချီလိတ်မြို့ရှိ ရွှေဘူးသီးဟိုတယ်၌ တည်းခိုပြီး နီပေါနိုင်ငံသား ဂျက်ဆိုသူက ယင်းမူးယစ်ဆေးဝါးများ လာရောက်ပေး အပ်ကြောင်း ရဲစခန်းတွင်ထွက် ဆိုသည်။ 

ယင်းနိုင်ငံခြားသား သုံးဦးကို မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းက မူးယစ် ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်အရေး ယူထားပြီး ကွင်းဆက်တရားခံများ ကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း စခန်းမှူးက ပြော သည်။

7Day

0 comments:

Post a Comment