Thursday, March 14, 2019

မြစ်ဆုံကဲ့သို့ ကြီးကျယ်သည့် စီမံကိန်းများကို တာဝန်သိသိ ဆုံးဖြတ်ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မြစ်ဆုံစီမံကိန်းအပါအ၀င် ကြီးကျယ်သည့်စီမံကိန်းများကို အစိုးရက တာဝန်သိသိဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဆုံးဖြတ် ချက်ချပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို အများပြည် သူသိရှိစေရန် ရှင်းလင်းမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ မတ်လ ၁၄ ရက်တွင် လူထုနှင့်တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ‘‘ကျွန်တော်တို့ ပြည်သူလူထုအားလုံးက မြစ်ဆုံ စီမံကိန်းကို ဖျက်ချင်တယ်။ အမေ့ ရဲ့သဘောထားနဲ့ အစိုးရရဲ့ သဘောထားရယ် အရမ်းသိချင် ပါတယ်’’ မေးခွန်းကို ပြန်လည် ဖြေကြားစဉ် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ထည့်သွင်း ပြောကြားသည်။ 

‘‘ကျွန်မတို့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းပဲဖြစ်ဖြစ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဲဒီ ရှုထောင့်လေးခုကနေ ကျွန်မတို့ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ချတဲ့ဆုံးဖြတ်ချက်တွေကို ကျွန်မ တို့ ပြည်သူကိုတင်ပြမယ်။ ဘာ ကြောင့်ချတယ်ဆိုတာလည်း တင် ပြမယ်ဆိုတာ ပြောလိုပါတယ်’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြန်လည်ဖြေကြားသည်။ 

မြစ်ဆုံအပါအ၀င် စီမံကိန်း များနှင့်ပတ်သက်၍ ပြည်သူလူ ထုက အမြင်ကျယ်ကျယ်ဖြင့် အ ဘက်ဘက်မှ စဉ်းစားစေချင် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းသည်။ 

‘‘တစ်ခုတည်းစဉ်းစားရင် မှားပါလိမ့်မယ်။ ကျွန်မတို့က စီး ပွားရေးဘက်ကချည်းပဲ ဖိပြီးစဉ်း စားလို့မရပါဘူး။ စီးပွားရေးဘက် က စဉ်းစားတယ်ဆိုရင်တောင်မှ ရေရှည်စဉ်းစားရပါတယ်။ တစ် ခဏအတွက် မစဉ်း စားရဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 

ထို့အပြင် နိုင်ငံ၏ဂုဏ်သိ က္ခာအတွက်၊ ကမ္ဘာ၏ယုံကြည်မှု ရရှိရန် အစိုးရတစ်ရပ်သည် စကားတည်ရန် လိုအပ်ကြောင်း နှင့် အချို့စီမံကိန်းများသည် ယ ခင်ကတည်းက စတင်ခဲ့သဖြင့် လက်ရှိအစိုးရက ယင်းစီမံကိန်း များကို ဂရုမစိုက်ဘဲ နေ၍မရ ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ရှင်းပြသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါခရီးစဉ်တွင် သရေခေတ္တ ရာ ပျုမြို့ဟောင်းသို့ သွားရောက် လေ့လာပြီး ပြည်ဆေးရုံကြီးသို့ လည်း သွားရောက်၍ လူနာများ ကို အားပေးစကားပြောသည်။ ယင်းနောက် လေကြောင်းခရီးဖြင့် သာယာဝတီမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။ 

သာယာဝတီမြို့တွင် ဒေါ် အောင်ဆန်းစုကြည်က နိုင်ငံ၏ စီမံမှုများကို အမှန်တကယ်စိတ် ၀င်စားပြီး မိမိနှင့်သက်ဆိုင် သည်ဟု သတ်မှတ်သည့်ပုဂ္ဂိုလ် များသည် တကယ့်နိုင်ငံရေးသ မားများဖြစ်ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ပြည်သူလူထုအား ပြောသည်။ 

‘‘တချို့က နိုင်ငံရေးစိတ် ဓာတ်ဆိုတာ နိုင်ငံရေးသမားတွေ မှ ရှိမယ့်ကိစ္စ၊ ပါတီတွေဝင်ထားမှ၊ ပါတီနိုင်ငံရေးလုပ်နေမှ၊ နိုင်ငံရေး စာအုပ်တွေဖတ်ပြီးမှ၊ နိုင်ငံရေး တွေ ဆွေးနွေးနေမှ၊ နိုင်ငံရေးသ မားစစ်စစ်လို့ ထင်ကြတယ်။ အဲဒီ လိုလုပ်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ နိုင်ငံ ရေးသမားစစ်စစ်တွေ ရှိသလို နိုင် ငံရေး အရှုပ်ထုပ်တွေလည်းအ များကြီးရှိပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ 

ယင်းလူထု တွေ့ဆုံပွဲတွင် သာယာဝတီ ဒေသခံတစ်ဦးက ပဲခူးတိုင်းရှိ ခရိုင်လေးခုအတွက် ဘတ်ဂျက်ခွဲဝေမှု မျှတခြင်းမရှိ၍ ဖြေရှင်းပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ် ထံတင်ပြသည်။ ထိုသို့တင်ပြစဉ် အဆိုပါဒေသခံက ပဲခူးတိုင်းဝန် ကြီးချုပ် နေထိုင်သော ရေတာ ရှည်မြို့နယ်အတွက် ဘတ်ဂျက်ခွဲ ဝေမှုသည် အခြားမြို့နယ်များ ထက် သိသာစွာ များပြားနေ ကြောင်း ထောက်ပြသည်။ 

ထိုအခါ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအဖွဲ့ နှင့် လွှတ်တော်တို့အနေဖြင့်ဘတ် ဂျက်ခွဲဝေချထားမှုကို မျှတစွာစီမံ ဆောင်ရွက်ရန်လိုပြီး တာဝန်ရှိသူ များအနေဖြင့် မိမိမြို့ရွာဖြစ်၍ မျက်နှာသာပေးခြင်း မပြုသင့် ကြောင်း ပြောကြားသည်။ 

‘‘ကိုယ့်မြို့ ကိုယ့်ရွာမို့လို့ လုပ်ပေးတယ်ဆိုတာ ပြည်သူတွေ က အဲဒီလိုအထင်ရှိသွားပြီဆို ရင်တောင်မှ မကောင်းပါဘူး။ ပြည်သူတွေက မျှမျှတတလုပ် တယ်ဆိုတာမြင်မှ ကျွန်မတို့ အ စိုးရဟာ ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်း ကပြောသည်။ 

ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်က တွေ့ဆုံပွဲများ၌ မေးခွန်း မေးမြန်းပြောဆိုခွင့် ပြုထားရာ မေးမြန်းသူများ၏ ပြောစကားအ ရ ပြည်သူ၏ပြဿနာများသည် တစ်တိုင်းပြည်လုံးတွင် တူညီစွာ ရှိနေသည်ကများကြောင်း ပြော ကြားသည်။

7Day

0 comments:

Post a Comment