Thursday, March 14, 2019

မြစ်ဆုံစီမံကိန်းကို ဆုံးဖြတ်ပြီးပါက အများပြည်သူကို ချပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ရပြီးပါက အများပြည်သူများအား ချပြသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
မတ်လ ၁၄ ရက်က ပြည်မြို့တွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 


“ တချို့စီမံကိန်းကြီးတွေက အရင်တုန်းကစခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျွန်မတို့ အစိုးရတက်ပြီး ဘယ်ဟာမှ ဂရုမစိုက်ဘူး။ လုပ်ချင်တာလုပ်မယ်ဆိုပြီး လုပ်လို့မရဘူး။ အဲဒီလိုလုပ်မယ်ဆိုရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့ နိုင်ငံမဟုတ်ဘူး။ အစိုးရ တစ်ခုတက်ရင်တစ်မျိုး၊ ငါတို့ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာဖြစ်သွားရင် ကျွန်မတို့ နိုင်ငံ ကို ထိခိုက်မယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ နေရာမှာ ပတ်ဝန်းကျင်းမပြောင်းလဲရေးကိုပြောတာမဟုတ်ဘူး။ ပတ်ဝန်းကျင် မပျက်ဆီးရေးကို ပြောနေတာ။ အဲဒါကိုလည်း သတိပြုစေချင်ပါတယ်။ အစိုရအနေနဲ့ တာဝန်သိသိနဲ့ လုပ်မှာပါ။ ဆုံးဖြတ်ချက် ချ လို့ရှိရင် အများပြည်သူကို ဘာကြောင့် ဘာကြောင့်ဆိုတာကို ရှင်းပြမှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

အစိုးရတစ်ရပ်အနေဖြင့် ဆုံးဖြတ်ချက်ချပြီဆိုပါက ပြည်သူလူထုကို အသိပေးရုံတင်မကဘဲ ဘာကြောင့်လုပ်ရသည်ဆိုသည့် အ ကြောင်းကိုလည်း ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 

မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်မည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အပေါ် ကချင်ဒေသခံများနှင့် ပြည်သူများက ကန့် ကွက် လျက်ရှိနေသည်။ 

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုမှ ကန့်ကွက်မှုများပြင်းထန်ခဲ့သည့်အတွက် သမ္မဟ ဦးသိန်းစိန်ဦးဆောင်သည့် အစိုး ရ လက်ထက်တွင် ၎င်းတို့၏ သက်တမ်းအတွင်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment