Saturday, March 16, 2019

ထိုင်းတွင် မြန်မာလုပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

ထိုင်းနိုင်ငံ စမူပုရာကန်ခရိုင် ဖတ်ပဒဲ့နယ်မြေတွင် မတ်လ ၁၄ ရက်နေ့က မြန်မာလုပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိဦးစန်းမောင်ဦးက ပြောကြားသည်။ 
“ရန်ဖြစ်တာကနေ ဓားထိုးမှုဖြစ်တာကြောင့် တစ်ယောက်တော့ သေသွားတယ်။ ဆေးစစ်ချက်တွေ မရသေးဘူး၊ ရဲစခန်းက စစ်နေတုန်းပဲ။ စားသောက်ရင်း စကားများရန်ဖြစ်တာလို့တော့ သိထားတယ်”ဟု ၎င်းကပြောဆိုသည်။ 

ယင်းအမှုကို ရဲစခန်းက စစ်ဆေးနေဆဲ ဖြစ်သောကြောင့် သေဆုံးသူ၏ အမည်နှင့်အသက် မသိရသေးဟု ၎င်းကရှင်းပြသည်။ 

သေဆုံးသူ၏အလောင်းကို မတ် ၁၄ ရက်နေ့ ည ၈ နာရီခန့်က ဘန်ခလုရပ်ကွက် စူစဝပ်လမ်းရှိ ရေမြောင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မျက်နှာ၊ ရင်အုံ၊ ဘယ်လက်မောင်းနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာ ၁၀ ချက်ခန့် တွေ့ရကြောင်း၊ လက်ရှိတွင် ကျူးလွန်းသူဟုယူဆရသည့် ဦးရှိန်းကိုကိုနှင့် ဦးအောင်းဝင်းသန်းတို့ကို ဖတ်ပဒဲ့နယ်မြေရဲစခန်းက စစ်ဆေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။

The Voice

0 comments:

Post a Comment