Saturday, March 16, 2019

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံကာ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် အခြားကဏ္ဍများ ဆွေးနွေး


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာ-အိန္ဒိယ 4th Army to Army Staff Talk အစည်းအဝေး တက်ရောက်ခဲ့သည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စစ်ဆေးရေးအရာရှိချုပ် Major General Pradeep Chandran Nair ဦးဆောင်သောအဖွဲ့အား မတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား သည်။ 
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာ-အိန္ဒိယ 4th Army to Army Staff Talk အစည်းအဝေး ကျင်းပနိုင်ခဲ့မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စစ်ဆေးရေးအရာရှိချုပ် Major General Pradeep Chandran Nair နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan, SM နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အိန္ဒိယတပ်မတော် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စစ်ဆေးရေးအရာရှိချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။ 

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
The Ladies News

0 comments:

Post a Comment