Saturday, March 16, 2019

မိုးမိတ်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ


မိုးမိတ်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ မတ် ၁၂ ရက် ၁၂၀၀ အချိန် မိုးမိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ စိန်နန်းစိုး မော်တော်ယာဉ်ဂိတ်ရှိ တန်ဆာအပ်ထားသည့် ကတ်ထူ စက္ကူပုံးအတွင်းမှ ဆပ်ပြာခွက်(၅၅)ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၅၅၀ ဂရမ်ကိုရှာဖွေတွေ့ရှိ၍ ၁၇၀၀ အချိန် ဘိန်းဖြူများပါရှိသည့် ကတ်ထူစက္ကူပုံးကို လာရောက်ထုတ်ယူသူ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာနေ မောင်မောင်ခင်အား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ၂၂၃၀ အချိန် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာနေ ကြည်မောင်၏နေအိမ်ကို ရှာဖွေရာ နေအိမ်အနီး သရက်စုချောင်းဘေးချုံအတွင်းမှ ဆပ်ပြာခွက်(၆၆)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၆၆၀ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် မောင်မောင်ခင်(၃၈)နှစ်၊ ကြည်မောင်(၄၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

Credit - ရဲဇာနည် 
The Ladies News

0 comments:

Post a Comment