Thursday, March 28, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမြဲတမ်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ တွေ့ဆုံကာ တရားမ၀င် နယ်စပ်ကုန်သွယ်မှု တားဆီးရေးနှင့် အခြားကဏ္ဍများ ဆွေးနွေး


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမြဲတမ်းဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Zong Guo Ying နှင့်အဖွဲ့အား မတ်လ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ Belt And Road Initiatives (BRI) တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် နှစ်နိုင်ငံအကြား တရားမဝင် နယ်စပ်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။ 

Credit - MOI 
The Ladies News

0 comments:

Post a Comment