သင်္ဃန်းကျွန်းမြို့နယ် (က) ရပ်ကွက်နတ်စင်လမ်းတွင် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုကြောင့် ငါးဦးဒဏ်ရာရရှိပြီး ခိုက်ရန်ဖြစ် ပွားစေရန် ဦးဆောင်သူနှစ်ဦးကို ပုဒ်မငါးခုဖြင့် သုဝဏ္ဏနယ်မြေရဲ စခန်း၌ အမှုဖွင့်ထားသည်။
နတ်စင်လမ်းခိုက်ရန်ဖြစ်ပွား မှုကြောင့် လူစုလူဝေးဖြစ်ပြီး လူ မျိုးရေး အသွင်ဆောင်သည့် ပြဿနာမဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့၍ ပြဿနာကြီး ထွားမှုမရှိကြောင်း ရပ်မိရပ်ဖများ နှင့် ရဲတပ်ဖွဲ့က ပြောသည်။
မတ်လ ၂၇ ရက်ည ၉ နာရီ တွင်နတ်စင်လမ်းအတိုင်းစက်ဘီး စီးနင်းလာသည့် အမျိုးသားတစ် ဦးနှင့် အသက် (၂၁) နှစ်နှင့် (၂၄) နှစ်အရွယ်အမျိုးသားနှစ်ဦးစီးနင်း လာသည့် ဆိုက်ကားတို့ချိတ်မိရာ မှ စကားများကာခိုက်ရန်ဖြစ်ပွားခဲ့ သည်။
ထိုသို့ ခိုက်ရန်ဖြစ်ပွားနေ သည်ကို ကြားသိ၍ လိုက်လာသူ များနှင့် နှစ်ဖက်အုပ်စုလိုက်ခိုက် ရန်ထပ်မံဖြစ်ပွားပြီး ဓားထိုးမှုဖြစ် ခဲ့သည်။
နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှု ကြောင့် အမျိုးသမီးတစ်ဦးအပါ အ၀င် ငါးဦးဒဏ်ရာရရှိပြီး ၎င်းတို့ ကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ ဆောင်ထားကြောင်း သုဝဏ္ဏနယ် မြေရဲတပ်ဖွဲ့မှ စခန်းမှူးရဲအုပ် အုန်းကျော်ငြိမ်းကပြောသည်။
ခိုက်ရန်ဖြစ်ပွားမှုကြောင့် တစ်နာရီကျော်ကြာလူစုလူဝေး ဖြစ်ပွားပြီး အမျိုးသားရေးလှုပ်ရှား သည့် သံဃာတော်များနှင့် လူ ပုဂ္ဂိုလ်များ ရောက်ရှိလာကြောင်း ရပ်ကွက်နေသူများက ပြော သည်။
‘‘လုံခြုံရေးအခြေအနေက လည်း ဘာမှလုပ်စရာမလိုတော့ ပါဘူး။ ပြီးသွားပါပြီ။ အမျိုးသား ရေးအဖွဲ့တွေကလည်း ဖြစ်တဲ့အ ချိန်တုန်းကတော့ လာကြတာ ပေါ့။ အခုတော့ဘာမှမဖြစ်တော့ ပါဘူး’’ ဟု ရဲအုပ်အုန်းကျော်ငြိမ်း ကပြောသည်။
‘‘စက်ဘီးနဲ့ဆိုက်ကားနဲ့ ငြိတာမှာ စကားများကြတာပေါ့။ မြန်မြန်ထိန်းထိန်းသိမ်းသိမ်းလုပ် လိုက်တော့ ပြဿနာကမကျယ် ပြန့်သွားဘူးပေါ့’’ ဟု (ကရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ကပြောသည်။
နတ်စင်လမ်းခိုက်ရန်ဖြစ်ပွား မှုတွင် ဦးဆောင်သူနှစ်ဦးကို ပြစ် မှုကျူးလွန်ရာ၌ အားပေးကူညီ ခြင်းပုဒ်မ ၁၁၄၊ ညစ်ညမ်းသော အပြုအမူများပြုလုပ်ခြင်းပုဒ်မ ၂၉၄၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် နာကျင်စေမှုပုဒ်မ ၃၂၆၊ ပစ္စည်းကို မရိုးဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုမှု ပုဒ်မ ၄၀၃ နှင့် ရာဇ၀တ်မကင်း သော ခြောက်လှန့်မှုပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ထားသည်။
‘‘ဆေးရုံက ဆင်းတာနဲ့ အ ရေးယူမှုအပိုင်းတွေ ဆက်လုပ် သွားမယ်’’ ဟု သုဝဏ္ဏနယ်မြေ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁ရက်ကလည်း မကွေးတိုင်းသရက်မြို့တွင် ခိုက် ရန်ဖြစ်ပွားရာမှာ လူစုလူဝေးဖြစ် ပြီး ရဲတပ်ဖွဲ့က ရော်ဘာကျည် ဖြင့် ပစ်ဖောက်ထိန်းသိမ်းခဲ့သည်။
7Day
0 comments:
Post a Comment