ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင်းနဲ့ အနီးဝန်းကျင်မှာ ရေကြီးမှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသမီဒီယာက မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြပါတယ်။
ဆော်ပေါ်လိုမြို့ ဆင်ခြေဖုံးဒေသမှာ အိမ်ပြိုပြီးနောက် သေဆုံးသူတွေ ရှိခဲ့ပါတယ်။ သေဆုံးသူတချို့ဟာ တမိသားစုတည်းက ဖြစ်တယ်လို့လည်း ယုံကြည်ရပါတယ်။
ရေကြီးနေတာကြောင့် မြို့ထဲမှာ ယာဉ်အသွားအလာ အခက်တွေ့နေပါတယ်။ ဝေဟင်ဓာတ်ပုံတွေအရ မြို့ဧရိယာ အတော်များများ ရေနစ်မြုပ်နေတာကိုလည်း မြင်တွေ့ရပါတယ်။
DVB







0 comments:
Post a Comment