နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိတဲ့ ခန့်မှန်းတန်ဖိုး ဒေါ်လာ ၇၇ သန်းရှိ ကိုကင်းအလေးချိန် ပေါင် ၃,၂၀၀ ကို ပြီးခဲ့တဲ့လတုန်းက ဖမ်းဆီးရမိတယ်လို့ အမေရိကန် အာဏာပိုင်တွေက မတ်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအေဂျင်စီ (CBP) က ဦးဆောင်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ (USCG)၊ အမိမြေလုံခြုံရေး စုံစမ်းရေး (HSI)၊ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (DEA) နဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တာပါ။
မူးယစ်ဆေးတွေကို အထုပ်ပေါင်း ၆၀ လောက်နဲ့ ဖြန့်ကြက်သယ်ဆောင်လာပြီး စစ်ဆေးကြည့်ရာမှာ ကိုကင်းဖြစ်ကြောင်း သိရတယ်လို့ CBP က ပြောပါတယ်။
မူးယစ်ဆေးသယ်ဆောင်လာတဲ့ ကွန်တိန်နာဟာ တောင်အမေရိကတိုက်က လာတယ်လို့ CBP က ပြောပေမယ့် စုံစမ်းရေးအကြောင်း သတင်းထုတ်ပြန်တာ နည်းပါးနေပါတယ်။
ဒီ ကိုကင်းဖမ်းဆီးမှုဟာ နယူးယောက်နဲ့ နယူးဂျာစီ ပူးတွဲဆိပ်ကမ်း ဖမ်းဆီးသမျှထဲမှာ ဒုတိယအကြီးမားဆုံးဖြစ်ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
DVB







0 comments:
Post a Comment