Saturday, March 16, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ သရက်တွင် ကျင်းပ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေတဲ့ ပူးပေါင်းကော်မတီအား ပြည်သူလူထု ထောက်ခံပွဲကို မကွေးတိုင်းဒေသကြီး သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းမှာ မတ်လ ၁၆ ရက်နေ့ မနက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
“ပြည်သူတင်မြှောက်ထားတဲ့ အစိုးရက ပြည်သူကို အကျိုးပြုတဲ့ ဥပဒေတွေပြဋ္ဌာန်းမှာမို့ ဝန်းရံဖို့ လိုအပ်လို့ ထောက်ခံပွဲတွေ ကျင်းပတာ” ထောက်ခံပွဲ တက်ရောက်တဲ့ ဦးအေးကိုက ပြောပါတယ်။ 

ဒီထောက်ခံပွဲမှာ ဒေသခံပြည်သူ ရာနဲ့ချီ ပါဝင်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို အောင်ရမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ 

ပေးပို့သူ-ဘဦး
DVB

0 comments:

Post a Comment