အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်ဂျီရာမှာ မတ် ၁၅ ရက်နေ့က သမ္မတ ဘူတယ်ဖလီကာ နုတ်ထွက်ရေး ဆန္ဒပြပွဲကြီး ပြုလုပ်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လက စတင်တဲ့ မငြိမ်သက်မှုနောက်ပိုင်း သမ္မတရဲ့ အနှစ် ၂၀ ကြာ အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အကြီးဆုံး ဆန္ဒပြပွဲပါ။
သောကြာနေ့ ၀တ်ပြုချိန်ပြီးနောက် လမ်းတွေ၊ ရင်ပြင်တွေမှာ ဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေပါတယ်။ အတော်များများက အယ်လ်ဂျီးရီးယား အလံတွေကို ကိုယ်မှာ လွှမ်းခြုံထားပါတယ်။
ဆန္ဒပြပွဲတွေကို ဘီဂျာရာ၊ အူဟွန်၊ ဘတ်နာ၊ တီဇီအူဇူ နဲ့ တခြားမြို့တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။
မတ် ၁၁ ရက်နေ့က သမ္မတ ဘူတယ်ဖလီကာဟာ နောက်တကြိမ် သမ္မတ ၀င်အရွေးခံမယ့် ဆုံးဖြတ်ချက်ကို စွန့်လွှတ်ခဲ့ပေမယ့် ဖွဲ့စည်းပုံဥပေဒသစ် ကျင့်သုံးတဲ့အထိ သမ္မတ ရာထူးမှာ ဆက်နေမယ်လို့ ပြောခဲ့ပါတယ်။
သမ္မတ ဘူတယ်ဖလီကာ ပြောကြားတာကို အယ်လ်ဂျီးရီးယားပြည်သူတွေက ချက်ချင်း ပယ်ချပြီး မျိုးဆက်သစ် လူငယ်လူရွယ်တွေကို အာဏာလွှဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သမ္မတ ဘူတယ်ဖလီကာဟာ အသက် ၈၂ နှစ် ရှိပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လေသင်တုန်းဖြတ်ခဲ့ပါတယ်။
DVB







0 comments:
Post a Comment