Sunday, March 17, 2019

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဆောင်၍ လူ ၆,၀၀၀ ကျော်အမှိုက်ကောက်


မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ လူ ၆,၀၀၀ ကျော် ပါဝင်ကာ အမှိုက်ကောက်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ 
မတ်လ ၁၇ ရက်နံနက်က ပြုလုပ်သည့် အဆိုပါအမှိုက် ကောက်ပွဲတွင် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေ တနာ့ဝန်ထမ်းများနှင့် ခုနစ်မြို့ နယ်ရှိပြည်သူများ ပူးပေါင်းပါဝင် ခဲ့သည်။ 

မန္တလေး - ပြင်ဦးလွင်လမ်း ရှိဘိုးဘိုးကြီးနတ်နန်းမှ ထုံးဘို လမ်းခွဲအထိ ၁၈ ကီလိုမီတာ (၁၁ မိုင်ကျော်) ကို ခုနစ်ပိုင်းခွဲကာ အမှိုက်ကောက်ခဲ့သည်။ 

လူမှုကွန်ရက်စာမျက်နှာ တွင် ခေတ်စားနေသော အမှိုက် ကောက်သည့် Challenge အ ကြောင်း FM ရေဒီယိုများမှတစ် ဆင့်ကြားသိကာ မိမိတို့လူကြီး များပြုလုပ်သင့်သဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။ 

‘‘ကလေးတွေ Challenge လုပ်တာတွေ့ပြီး ငါတို့လူကြီးတွေ လည်း လုပ်ရမယ်ဆိုပြီးအဖွဲ့အ စည်းတွေနဲ့လုပ်တာ။ ပြင်ဦးလွင် လမ်းမှာရှိတာတွေက တော်တော် ဆိုးတယ်ဗျ။ အကယ်၍ အစ်မ (နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်) ကားနဲ့တက်ခဲ့ရင်ပြောခံ ရလိမ့်မယ်ဆိုပြီး ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ကောက်ခဲ့တယ်။ ဒါပေမဲ့သန့်ရှင်းရေးပါ။ နိုင်ငံ တကာခရီးသွားတွေ သွားနေတဲ့ နေရာဆိုတော့ ဆောင်ရွက်ချင် လို့ပါ။ အများပြည်သူကိုလည်း awareness ပြန်ဖြစ်စေချင်လို့ ဦးဆောင်အမှိုက်ကောက်နေတာ ပါ’’ ဟု ဒေါက်တာဇော်မြင့်မောင် ကဆိုသည်။ 

မန္တလေး - ပြင်ဦးလွင်လမ်း သည် နောင်တွင်မဟာဗျူဟာကျ သည့် လမ်းဖြစ်လာမည် ဖြစ်သော ကြောင့် သန့်ရှင်းသပ်ရပ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် အ ပတ်စဉ်တနင်္ဂနွေနေ့ကို မြို့တော် သန့်ရှင်းရေးနေ့အဖြစ်သတ်မှတ် ကာ ၂၀၁၈ ဧပြီကစ၍ မြို့တွင်း၌အမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ယခုအမှိုက်ကောက်ပွဲသည် စည်ပင်သာယာရေးကော်မတီပိုင် နက်နိမိတ်ပြင်ပ၌ ပထမဆုံးပြု လုပ်ခြင်းဖြစ်သည်။ 

အမှိုက်ကောက်ပွဲတွင် ပူး ပေါင်းပါဝင်ရန် သတင်းစာနှင့် လူမှုကွန်ရက် စာမျက်နှာကသာ ကြေညာပြီး မလာမနေရခေါ် ယူခြင်းမျိုးမရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဦးကျော်ဆန်းမြင့်က ဆိုသည်။ 

‘‘အားလုံးက ပူးပေါင်းပြီး လုပ်ချင်တဲ့ စိတ်နဲ့လာတဲ့အတွက် လည်း ချီးကျူးပါတယ်။ အတင်း အဓမ္မခေါ်တာမရှိပါဘူး။ လိုအပ် တဲ့နေရာတွေမှာ အခုလိုအစီအ စဉ်မျိုးတွေဆက်လုပ်သွားဖို့ရှိပါ တယ်’’ ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

7Day

0 comments:

Post a Comment