စုတ်ပြဲငွေစက္ကူများ ၊ ခြစားငွေစက္ကူများ စသဖြင့် ဈေးကွက်အတွင်း သုံးစွဲ၍မရတော့သည့် ပိုက်ဆံများနေရာတွင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအသစ်ဖြင့် အစားထိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ဗိုလ်ချုပ်ပုံပါ ငွေစက္ကူကို ထုတ်ဝေရန် ရက်အတိအကျကို ပြောဆိုနိုင်ခြင်းမရှိသေးဘဲ မကြာခင်ထုတ်ဝေသွားမည်ဟုသာ ပြောဆို ထားကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်ပုံပါ ငွေစက္ကူကို သီးသန့်အနေဖြင့် ထုတ်လုပ်မည်မဟုတ်ဘဲ ဈေးကွက်အတွင်းသုံးစွဲမရတော့သည့် ပိုက်ဆံများနေရာတွင် အစားထိုးအနေဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
“စုတ်ပြဲ ငွေစက္ကူတွေ၊ ခြစားငွေစက္ကူတွေ၊ ပြီးတော့ ဈေးကွက်အတွင်းမှာ သုံးစွဲလို့ မရတော့တဲ့ ပိုက်ဆံတွေကို ဖျက်ဆီးပြီး အဲဒီ နေရာတွေမှာ ဗိုလ်ချုပ်ပုံပါ ပိုက်ဆံကို အစားထိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီလိုထုတ်မှုကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ပါဘူး။ ထုတ်ဝေနိုင်မယ့်အချိန်ကိုတော့ အတိကျမသိရှိသေးပါဘူး”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သတင်းနှင့်လုံခြုံရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်ပုံပါ ပိုက်ဆံများ ထပ်မံ ရိုက်နှိပ်ထုတ်ဝေရန် အတွက် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ပြည်သူ့ လွှတ်တော်အစည်း အဝေးတွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နောက် ထပ်ငွေစက္ကူများ ထပ်မံ ထုတ်ဝေရန်ရှိ သော အချိန်တွင် ထင်ရှားသော နိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံ များစသည့် အခြေအနေအချိန်အခါနှင့် လိုက်လျော ညီထွေရှိမည့် ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ် ထုတ်ဝေသွားမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
စုသက်နှင်း (အကုန်သိ သတင်းဌာန)







0 comments:
Post a Comment