Thursday, March 14, 2019

ရခိုင်တည်ထောက်ကော်မတီ၌ အမည်စာရင်းထည့်မည့်ကိစ္စ ၄င်း၏သဘောထားကိုမေးမြန်းခြင်း မရှိဟု ဒေါ်ထုမေ ဖွင့်ဟ


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော မငြိမ်မသက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်သမ္မတက ရွေးချယ်တာဝန်ပေးလိုက်သည့် အထောက်အကူပြုကော်မတီတွင် ၄င်း၏သဘောထားကိုမမေးဘဲ ၄င်း၏အမည်ကိုထည့်သွင်းထားကြောင်း အဖွဲ့ ဝင်အဖြစ် သတ်မှတ်ခံလိုက်ရသူ ဒေါ်ထုမေက ပြည်သူများကို အသိပေးလိုက်သည်။ 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏တာဝန်ပေးခန့် အပ်မှုအဖြစ် မတ်လ ၁၄ ရက်ညပိုင်း၌ နိုင်ငံတော်သမ္မတရုံးက တရားဝင်ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ(ရခိုင်တည်ထောက်ကော်မတီ)ဟူ၍ ဖွဲ့ စည်းလိုက်ကြေင်း ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်အတွင်း၌ ကော်မတီကို ရခိုင်တိုင်းရင်းသားဖြစ်သူ လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို ဒုတိယဥက္ကဋ္ဌ(၁)အဖြစ်လည်းကောင်း၊ ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ဒုတိယဥက္ကဋ္ဌ(၂)အဖြစ်လည်းကောင်း ထည့်သွင်းသတ်မှတ်ထားသည်ကို တွေ့ ရသည်။ ယင်းအပြင် အဖွဲ့ ဝင်များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်မြင့် ၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး ဒုတိယရှေ့ နေချုပ် ဦးဝင်းမြင့်၊ ရခိုင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရခိုင်တိုင်းရင်းသားရေးဝန်ကြီး(ရန်ကုန်) ဦးဇော်အေးမောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးညီလှငယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဒုတိယရဲချုပ် အောင်နိုင်သူ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသား ဦးဦးလှစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသူ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း(ရခိုင်ဝန်ကြီးချုပ်ဟောင်း)၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး(ပြည်နယ်လွှတ်တော်မှ ရွေးချယ်ရန်)တို့ ကို ထည့်သွင်းထားသည်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ အတွင်းရေးမှူးအဖြစ် ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးအေးသာအောင်က ရွေးချယ်ခန့် အပ်ရမည်ဖြစ်ပြီး ကော်မတီ၏အသုံးစရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ တာဝန်ယူကျခံစေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ယင်းထုတ်ပြန်စာထွက်လာချိန်နှင့် မိနစ်ပိုင်းသာ ခြား၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ၄င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးဖော်ပြမှုတွင် " Facebook ပေါ်တွင် နိုင်ငံတော်သမ္မရုံး အမိန့်ကြော်ငြာစာဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဖွဲ့စည်းကြောင်း တွေ့ရှိရပါသည်။ ၎င်းအဖွဲ့တွင် မိမိ ဒေါ်ထုမေ အမည်ဖြင့် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေကြောင်း တွေ့ရှိရပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မိမိသဘောထားအား မည်သူမျှမေးမြန်းခဲ့ခြင်း မရှိခဲ့ပါ။ ၎င်းကော်မီတီနှင့် ပတ်သတ်၍ မိမိအနေဖြင့် တခုမှ မသိရှိရသေးပါကြောင်း " ဟု တွေ့ ရသည်။ ကော်မတီအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်နေသော ကိစ္စအရပ်ရပ်ကို တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ဦးတည်ထားခြင်းမျိုးဖြစ်ပြီး ပုံမှန်ကွင်းဆင်း၍ လေ့လာမှုများလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကော်မတီအတွက် ရုံးအဖွဲ့ နှင့် အကြံပေးများကိုလည်း လိုအပ်သလို ခန့် အပ်ခွင့်ရှိမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

အဆိုပါ ကော်မတီကို မတ်လ(၁၄)ရက်မှ စတင်၍ဖွဲ့ စည်းခြင်း ဖြစ်သော်လည်း ကော်မတီ၏သက်တမ်းမည်မျှကြာမြင့်မည်ဆိုသည်ကိုမူ ထုတ်ပြန်ချက်အတွင်း၌ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပေ။  


(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment