ရခိုင်ပြည်နယ်အတွင်းမှ လုံခြုံရေးအားနည်းနေသည့် ရဲစခန်း ၄ခုကို ယမန်နေ့ညနေပိုင်းက ရုတ်သိမ်းလိုက်ပြီး လုံခြုံရေးတိုးမြှင့်ရန်လိုအပ်သည့်စခန်းများနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
ရုတ်သိမ်းလိုက်သည့်စခန်းများမှာ ပန်းမြောင်း နယ်မြေရဲစခန်း၊ အိုးဖောက်နယ်ခြားစောင့်ရဲစခန်း၊ ချွတ်ပြင်နယ်ခြားစောင့်ရဲစခန်းနှင့် စေတီတောင်ရဲစခန်းတို့ဖြစ်သည်။
"ရဲစခန်းကို မနေ့ညနေကရုတ်သိမ်းသွားတာပါ။ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ရဲစခန်းကိုရုတ်သိမ့်လိုက်တော့ အရေးပေါ်လုံခြုံးကိစ္စတွေပေါ်ပေါက်လာရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်ပြထားပါတယ်။"လို့ ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောသည်။
ရုတ်သိမ်းလိုက်သည့် ပန်းမြောင်းဝခန်းအား မင်းပြားမြို့မရဲစခန်းတွင်ပေါင်းထားပြီး ရသေ့တောင်မြို့နယ်မှ ချွတ်ပြင်ရဲစခန်းကို သဇင်မြိုင်စခန်းနှင့်ပေါင်းကာ အိုးဖောက်စခန်းကို ဘူးသီးတောင်မြို့နယ်မှ ညောင်ချောင်းစခန်းနှင့် ပူးပေါင်းထားလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်တို့က အုပ်ချုပ်ရေးအပိုင်းကိုပဲတာဝန်ယူရတာဆိုတော့ အဲ့ဒီ လုံခြုံရေးနဲ့ပါတ်သက်လို့ နားမလည်ဘူးဗျ။ ဒါကြောင့် လုံခြုံရေးအတွက်ကို စိုးရိမ်ရတာပေါ့နော်။ လောလောဆယ်မှာတော့ ရပ်ရွာလူကြီးတွေနဲ့ ပူးပြောင်းပြီးတော့ လိုအပ်သလိုဆောင်ရွက်နေပါတယ်။"ဟု ပြန်းမြောင်းအုပ်ချုပ်ရေးမှူးကပြောသည်။
ယခုကဲ့သို့ နယ်မြေလုံခြုံရေးဆောင်ရွက်နေကြသည့် ရဲစခန်းများအား ရုတ်သိမ်းလိုက်ခြင်းမှာ မတ်လ ၉ ရက်နေ့ညကဖြစ်ပွားခဲ့သည့် ယိုးတရုတ်ရဲစခန်း စီးင်းခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့မှုကြောင့် လုံခြုံရေးအင်အားဖြည့်တင်းရန်လိုအပ်နေသည့် နယ်မြေစခန်းများနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
ညိုမှိုင်း
The Fifth Wave News







0 comments:
Post a Comment