Monday, March 11, 2019

စစ်ကိုင်းတွင် ကျွန်းသစ်လုံး ၃၆ လုံးနှင့် သစ်ခွဲသားများဖမ်းဆီးရမိ


စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက် ဂရိတ်ဝေါ သင်္ဘောဆိပ်တွင် မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းအချိန်က ရေယာဉ်တစ်စီးပေါ်မှ ကျွန်းသစ်လုံး (၃၆) လုံး သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ က သိရသည် ။ 
ဖြစ်စဉ်မှာ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့ ၊သစ်တောဦးစီးဌာန တို့မှ တာဝန်ရှိသူများ စုပေါင်း၍ ဧရာဝတီမြစ်ကြောင်းအတွင်း ကင်းလှည့်စဉ် ဝေဖြိုးအောင် (၁) မော်တော်ရေယာဉ်အား မသင်္ကာဖွယ်တွေ့ရှိရသည့်အတွက် စစ်ဆေးခဲ့ကြသည် ။ 

ထိုသို့ စစ်ဆေးရာ အရှည် (၁) ပေခွဲ သစ်မျိုးစုံထင်းတုံးများနဲ့အတူ အထောက်အထားမဲ့ သယ်ဆောင်လာသော လုံးပတ် (၃) ပေ အရှည် (၆) ပေ အရွယ်အစား ကျွန်းသစ်လုံး (၁၂) လုံး ၊လုံးပတ် (၃) ပေ အရှည် (၃) ပေ အရွယ်အစား ကျွန်းသစ်လုံး (၂၄) လုံး နှင့် ပျဉ်းကတိုး ၊ သစ်ယာ၊ သစ်ခွဲသားဆိုဒ် စုံ (၆၅) ချောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည် ။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ပိုင်ရှင်ဖြစ်သူ ဦးစိုးနိုင် (၃၈) နှစ်ကို ဖမ်းဆီးရမိထားပြီး သစ်တောဥပဒေအရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ က သိရသည် ။ 

ထို့အပြင် စစ်ကိုင်းမြို့ နီလာဦးရပ်ကွက် ကောင်းမှုတော်ဘုရားသွားကားလမ်းတွင်လည်း ဒိုင်နာကားပေါ်မှ တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။ 


နိုင်လင်းဦး
The Fifth Wave News 

0 comments:

Post a Comment