Sunday, March 17, 2019

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဒုတိယ အကြိမ်မြောက် ရွေးချယ်ခံရ


အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဒုတိယ အကြိမ်မြောက် အဖြစ်ရွေးချယ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ 
ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အဆိုပြုရွေးချယ်မှု အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူ အာဒီလေ တို့နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် သွားကြမည် ဖြစ်သည်။ 

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးသို့ MFF ဥက္ကဋ္ဌနှင့်အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြသည်။ 

The Ladies News


0 comments:

Post a Comment