ဘောနက်ကြီး-ဇောင်းတူကားလမ်းနှင့် ဘောနက်ကြီးကျေးရွာ ပတ်ဝန်းကျင်တို့မှ မော်တော်ယာဉ်(၉)စီးနှင့် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကြောင်းအဖွဲ့(၂)ဖွဲ့သည် အပြန်အလှန်ချိတ်ဆက် သတင်းရယူပေးပို့၍ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၁၅-၃-၂၀၁၉ ရက်နေ့နှင့် ၁၆-၃-၂၀၁၉ ရက်နေ့တို့တွင် ဘောနက်ကြီး-ဇောင်းတူကားလမ်းနှင့် ဘောနက်ကြီးကျေးရွာပတ်ဝန်းကျင်တို့မှ တရားမဝင် သစ်တောထွက်ပစ္စည်းတင်ဆောင်သော မော်တော်ယာဉ်(၉)စီး၊ တရားခံ(၉)ဦး၊ မီးသွေး(၃၁)တန်၊ တရားမဝင်သစ်ခွဲသား (၃၈.၈၁၇၃)တန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။
















0 comments:
Post a Comment