မြန်မာမှ စီးပွားရေးအဖွဲ့အစည်းများ ထိုင်းသို့ လာမည်ဆိုပါက ထိုင်းအစိုးရ၏ဦးဆောင်အဖွဲ့အစည်းဖြစ်သည့်TCEB (Thailand Convention & Exhivition Bureau) က ထောက်ပံ့မှုပေးမည်ဖြစ်ကြောင်း TCEB ၏ Senior Vice President ဖြစ်သူ Mrs. Nichapa Yoswee ကပြောသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ခုနစ်ရာခိုင်နှုန်းတိုးတက်လာဖို့ ခန့်မှန်းထား တာနဲ့အမျှ ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံက စီးပွားရေးဆိုင်ရာ ဧည့်သည် တွေရဲ့ အရေအတွက်ကလည်း တိုးလာမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံအတွက် ဦးစားပေးဈေးကွက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ယင်းကပြောသည်။
TCEB သည် ထိုင်းနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခမ်းအနားများ ကျင်းပသည့် လုပ်ငန်းကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအစိုးရ ၏ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံမှ ခရီးစဉ် စီစဉ်သူများ နှင့် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ထိုင်းနိုင်ငံကို သွားရောက်ရန် စီစဉ်မည်ဆိုပါက TCEB အနေဖြင့် ထောက်ပံ့မှုအစီအစဉ် နှစ်ခုဖြစ်သည့် Fly and Meet Double Bonus- Redefined နှင့် The ASEAN+6 Privilege Campaign ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်TCEB မှ ဦးစီး၍ ထိုင်းနိုင်ငံမှကုန်စည်ပြပွဲစီစဉ်သူများနှင့်တွေ့ ဆုံ၍ စီးပွားရေးလုပ်ငန်းများတိုးချဲ့ နိုင်သော အခွင့်အလမ်းများရရှိနိုင်မည့် " Thailand MICE Roadshow 2019" ပွဲကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ လည်းကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ပမာဏသည် ၂ဝ၁၈ ခုနှစ်တွင် ငါးရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ခြောက်ဘီလျံအထိ ရှိခဲ့ ကြောင်း သိရသည်။
Pyi Myanmar







0 comments:
Post a Comment