အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် ယမန်နေ့က အင်အားအသင့်အတင့်ရှိသော မြေငလျင်နှစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး၊ အခြားနိုင်ငံခြားသားနှင့် ပြည်တွင်းမှ ခရီးသွား ၃၅ ဦးခန့် ပိတ်မိနေသည်ဟု ယူဆကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီမီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကနဦးဖြစ်စဉ်တွင် လူ ၄၀ ခန့်ပျောက်ဆုံးနေကြောင်းသတင်းရရှိကာ၊ နောက်ပိုင်းတွင် ကယ်ဆယ်ရှာဖွေရေးအဖွဲ့သားများက သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲပြီး၊ နောက်ထပ် ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
အဆိုပါ Lombok ကျွန်းသည် ခရီးသွားများ အထူးလည်ပတ်သွားရောက်လေ့ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။
ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Ref: Two dead and 35 tourists believed trapped after landslides in Lombok: Official
Popular News Journal







0 comments:
Post a Comment