တရုတ်တစ်သျှူးငှက် ပျောသတင်းရေးသားမှုနှင့် ပတ် သက်ပြီးအသရေဖျက်မှုပုဒ်မ၅၀၀ ဖြင့်တရားစွဲခံရသည့် မြစ်ကြီနား ဂျာနယ်အမှုဆောင်အရာရှိချုပ်ဦး ဘရန်မိုင်အပါအ၀င်သုံးဦးကိုဝိုင်း မော်မြို့နယ်ရပ်မိရပ်ဖများကအာ မခံ၍ တရားရုံးက အမခံပေး ခဲ့ကြောင်း ဦးဘရန်မိုင်က ပြော ကြားသည်။
မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်နှစ်ဦးကို ချုပ် နှောင်အနိုင့်ကျင့်ခြင်းကြောင့် ပုဒ် မငါးခုဖြင့်ဝိုင်းမော်ရဲစခန်း၌ အမှု ဖွင့်ခံရသည့် သခင်စစ်သတ္တု တူးဖော်ရေးကုမ္ပဏီက မြစ်ကြီး နားဂျာနယ်အမှုဆောင်အရာရှိ ချုပ်ဦးဘရန်မိုင်အပါအ၀င် သုံး ဦးကိုပြန်လည်တရားစွဲဆိုရာမတ် လ ၁၈ ရက်တွင်ဝိုင်းမော်မြို့နယ် တရားရုံး၌ ပထမဆုံးရုံးချိန်းခေါ်ယူ စဉ်တရားစွဲခံရသူများကို အာမ ခံပေးခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ရေးသားတဲ့ သတင်းအဲဒီမှာပါတဲ့တရုတ်တစ် သျှူးငှက်ပျောစိုက်ပျိုးသွားမည့် သခင်စစ်ကုမ္ပဏီဆိုတဲ့ စာ ကြောင်းပေါ့။ အဲဒါကိုသူတို့ရဲ့ ကုမ္ပဏီသိက္ခာကိုကျဆင်းစေပါ တယ်ဆိုပြီးစွဲတာပေါ့။ ကျွန်တော် တို့က သတင်းအမှန်အတိုင်းရေး ထားတာဖြစ်တယ်။ ကျွန်တော်တို့ မှာ သက်သေအထောက်အထား တွေရှိတယ်။ ကျွန်တော်တို့က ရွာသားတွေ ပြောထားတဲ့အ တိုင်းရေးသား ထားတာဖြစ်တယ်။ လိုအပ်ရင် ကျွန်တော်တို့ဘက်က သက်သေထွက်ဆိုပေးမယ့် ရွာ သူ၊ ရွာသားတွေလည်းရှိတယ်။ စာရွက်စာတမ်းတချို့လည်း စု ဆောင်းထားတာရှိတယ်။ အဲဒါ တွေပူးတွဲတင်ပြသွားမှာပေါ့’’ ဟု ဦးဘရန်မိုင်ကပြောသည်။
မတ်လ ၂၅ ရက်တွင် ရုံးချိန်း ခေါ်ယူထားကြောင်း၊ ယင်းရုံးချိန် တွင်လည်း အမှုစစ်မည်မဟုတ်ဘဲ ယင်းနေ့၌ နှစ်ဦးနှစ်ဖက် ကျေ အေးလိုပါကကျေအေးခွင့်ရှိနိုင် သည်ဟုသိရကြောင်း၊ သို့ရာတွင် သတင်းထောက်နှစ်ဦးချုပ်နှောင် အနိုင်ကျင့် ခံရခြင်းကြောင့် ကုမ္ပဏီကို အမှုဖွင့်ထားသည့် ကိစ္စကိုမူ ကျေးအေးပေးမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
မြစ်ကြီးနား ဂျာနယ်တွင် ဖော်ပြခဲ့သည့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုသတင်းနှင့်ပတ်သက်ပြီး သခင်စစ်ကုမ္ပဏီတာဝန်ရှိသူများ က သတင်းရေးသားသူ မမွန်းမွန်း ပန်နှင့် အခြားသတင်းထောက် တစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက် ကကုမ္ပဏီသို့ခေါ်ဆောင်ပြီးအိမ် နှစ်အိမ်၌ သီးခြားချုပ်နှောင်ကာ သတင်းထောက် အမျိုးသမီးကို ဆဲဆိုခြင်း၊ ဂျာနယ်ဖြင့်မျက်နှာ ကိုရိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်သကဲ့သို့သတင်းထောက် အမျိုးသားကိုလည်း ထိုင်ထလုပ် ခိုင်းခြင်းကြောင့် ကုမ္ပဏီတာဝန် ရှိသူခြောက်ဦးကို ၀ိုင်းမော်ရဲစခန်း ၌ အမှုဖွင့်ခဲ့သည်။
ယင်းအမှုကို ရဲတပ်ဖွဲ့စစ် ဆေးပြီးဖြစ်၍ ဥပဒေအကြံ တောင်းခံထားသည့် အဆင့်သို့ ရောက်ရှိပြီကာ အကြံပြုချက် ကျလာပါက တရားစွဲဆိုမည်ဖြစ် ကြောင်း ၀ိုင်းမော်မြို့မရဲစခန်းမှူးဒုရဲမှူးကျော်စိုးက မတ်လ ၁၈ ရက်တွင်ပြောသည်။
မြစ်ကြီးနားဂျာနယ် အမှု ဆောင်အရာရှိချုပ် ဦးဘရန်မိုင်၊ သတင်းထောက်မမွန်းမွန်းပန်နှင့် အမှုဆောင်အရာရှိချုပ် (၂) ကို ဇော်ခွန်းတို့တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကမတ်လ ၁၃ ရက်တွင် သဘောထားထုတ်ပြန် ရာသတင်းမီဒီယာသမားများ၏ ရေးသားထုတ်လုပ်မှု၊ သတင်း ဖော်ပြမှုနှင့် သတင်းမီဒီယာကျင့် ၀တ်အပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေဖြင့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရန် တိုက်တွန်း ကြောင်းဖော်ပြခဲ့သည်။
7Day







0 comments:
Post a Comment