အင်ဒိုနီးရှားနိုင်ငံ အရှေ့စွန်းက ပါပူအာခရိုင်မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ မတ်လ ၁၈ ရက်မှာ အယောက် ၈၀ နီးပါး ဖြစ်သွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ပါပူအာခရိုင်ရဲ့ မြို့တော် ဂျယာပူရနားက စန်တာနီမြို့မှာ မတ်လ ၁၆ ရက်က မိုးကြီးလို့ ရုတ်တရက် ရေကြီးခဲ့တာပါ။
သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ရေဘေးသင့်ဒေသတွေက ပြည်သူတွေကို ဘေးကင်းရာ အမြန်ရွှေ့ဖို့ ဆော်သြထားပါတယ်။
ရွာသားတွေက ထင်းခုတ်အပြီး တောင်ယာစိုက်တဲ့ တောင်တန်းဒေသတလွှားမှာ သီတင်းပတ်ကုန်ရက်တွေက မိုးကြီးအပြီး ရေကြီးမြေပြို ဖြစ်ခဲ့တာပါ။
စန်ထာနီမြို့တွင်း ရေကြီးအပြီး အိမ်တွေ ကားတွေ ရွှံ့ထဲမြုပ်နေသလို အဆောက်အဦတွေလည်း ပြိုကျခဲ့ပြီး လေယာဉ်ငယ်တစီးလည်း ရေထဲ မျောသွားခဲ့ပါတယ်။
ပြည်နယ်ရဲ့မြို့တော် ဂျယာပူရနားက ဒေသကနေ သစ်ပင်တွေ၊ ရွှံ့တွေ၊ ကျောက်ခဲတွေကို ရှင်းလင်းရင်း ကယ်ဆယ်ရေးသမားတွေက အလောင်းတွေကို ထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။
DVB







0 comments:
Post a Comment