
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယခုနှစ်သင်္ကြန်ပွဲတော်ကို မြို့တော်ခန်းမ အပါအဝင် နေရာသုံးခု၌ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောကြားသည်။
မြန်မာနှစ်ကူးသင်္ကြန်ပွဲတော်ကျင်းပရေးအတွက် မတ်လ ၁၁ ရက်နေ့က တိုင်းဒေသကြီးအစိုးရရုံး၌ အစည်းအဝေးကျင်းပခဲ့ရာ မြို့တော်ခန်းမရှေ့တွင် ဗဟိုမဏ္ဍပ်ကို ပြန်လည်ထားရှိပြီး ယခုနှစ်သင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အများပြည်သူဆန္ဒအရ ရိုးရာလမ်းလျှောက် သင်္ကြန်နှင့် သောင်ပြင်ချင်းတွင်း သင်္ကြန်ပွဲတော်ကိုလည်း ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ဗဟိုမဏ္ဍပ်ကို မြို့တော်ခန်းမရှေ့မှာ ထားပါမယ်။ ကန်သာယာမှာ လမ်းလျှောက်သင်္ကြန်အဖြစ် အုန်းလက်မဏ္ဍပ် လောင်းလှေတွေကို ရိုးရာအတိုင်းကျင်းပပါမယ်။ သောင်ပြင်ချင်းတွင်းသင်္ကြန်ကတော့ ပြည်သူတွေက ကျင်းပစေချင်ကြတယ်”ဟု ၎င်းက ရှင်းပြသည်။
သင်္ကြန်ပွဲတော်ကျင်းပရေး အစည်းအဝေးတွင် ချင်းတွင်းအင်စတီကျု၊ အရပ်ဘက်အဖွဲ့အစည်းများကိုသာ ဖိတ်ကြားမှုရှိခဲ့ပြီး သောင်ပြင်တွင်ကျင်းပမည်ကို မနှစ်သက်သည့် အဖွဲ့အစည်းအချို့ကိုမူ ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ကြောင်း ချင်းတွင်း မေတ္တာအသင်း ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ သောင်ပြင်ချင်းတွင်း သင်္ကြန်ပွဲတော်ကျင်းပမည်ကို ကန့်ကွက်လျက်ရှိသည့် ဒေါ်ရင်ရင်မြင့်က ပြောကြားသည်။
ယမန်နှစ်မုံရွာ သင်္ကြန်ပွဲတော်ကို ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ဗဟိုမဏ္ဍပ်ထားရှိပြီး စစ်ကိုင်းတိုင်းအစိုးရရန်ပုံငွေနှင့် ကုမ္ပဏီများ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၄၀၀၀ ကိုအသုံးပြု၍ ကျင်းပခဲ့သဖြင့် မြို့ခံများက ရိုးရာဖော်ဆောင်ခြင်း မရှိဟုဆိုကာ ကန့်ကွက်ဝေဖန်ခဲ့ကြသည်။
The Voice






0 comments:
Post a Comment