Saturday, March 16, 2019

မြ၀တီ - မဲဆောက်ချစ်ကြည်ရေးတံတားဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တက်ရောက်မည်

မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု လွယ်ကူစေရေးမြ၀တီ - မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း နိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာတို့မတ်လ ၁၉ ရက်တွင် တက်ရောက် ဖွင့်လှစ်မည်ဖြစ်သည်။ 
မြ၀တီ - မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားဖွင့်ပွဲ သို့ဝန်ကြီးချုပ်အပါအ၀င်အခြား သက်ဆိုင်ရာ ၀န်ကြီးများတက် ရောက်မည်ဟု ထိုင်းအစိုးရက ကြေညာထားသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်းအဆိုပါ တံတားဖွင့်ပွဲသို့ တက် ရောက်မည်ဖြစ်သည်။ 

မြ၀တီ - မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားကို ကုန် စည်ပို့ဆောင်ရန် သီးသန့်တည် ဆောက်ခြင်းဖြစ်ပြီး ကုန်စည် ပို့ဆောင်မည့် ယာဉ်များသာဖြတ် သန်းခွင့်ပြုမည်ဖြစ်ကြောင်း မဲ ဆောက်မြို့ အခြေစိုက်ထိုင်းနိုင် ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူးဦးမိုး ကြိုးကပြောသည်။ 

တံတားဖွင့်ပွဲသို့ ဒေါ်အောင် ဆန်းစုကြည် လာရောက်မည်ဟု သိရပြီး မြ၀တီမြို့တွင် လူထုတွေ့ ဆုံပွဲပြုလုပ်ရန် မျှော်လင့်ထား ကြောင်း မြ၀တီမြို့နယ် တိုင်းဒေ သ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကပြောသည်။ 

မြ၀တီ - မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ၁၉၉၇ သြဂုတ် ၁၅ ရက်တွင်ဖွင့်လှစ်ခဲ့သည်။

7Day

0 comments:

Post a Comment