တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ပါ မွေးသက္က ရာဇ်ထက် သုံးနှစ်ကျော် တာဝန်ပိုထမ်းဆောင်သည့် မန္တလေးတိုင်း ဒေသကြီး အထက(၁၂) ချမ်း အေးသာစံမှ အလယ်တန်းပြ ဆရာမကို လစာငွေ ကျပ် ၇၈ သိန်းကျော် ပြန်လည်ပေးသွင်းရန် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးက ကာယကံရှင်ထံ မတ်လ ၈ ရက်စွဲဖြင့် စာပို့အကြောင်းကြား ထားသည်။
ကာယကံရှင် ဆရာမသည် အခြေခံပညာအထက်တန်း စာ မေးပွဲ အောင်လက်မှတ်ပါ မွေး သက္ကရာဇ် (၁၄.၇.၁၉၅၅) အရ ၂၀၁၅ ဇူလိုင်တွင် သက်ပြည့်ပင် စင် ခံစားရမည်ဖြစ်သော်လည်းအမှုထမ်းစာအုပ်ပါ မွေးသက္ကရာဇ် (၁၄.၇.၁၉၅၉)ဖြင့် လက်ရှိတာဝန် ထမ်းဆောင်နေခြင်း ကြောင့် အမှုထမ်းသက်လွန်ကာလ သုံးနှစ်ခုနစ်လအတွက် လစာပိုထုတ်ထားငွေ ကျပ် ၇၈ သိန်းကျော်ကို ပြန်လည်ပေးသွင်းရန် အကြောင်းကြားစာ၌ ဖော်ပြထား သည်။
‘‘ဆယ်တန်းအောင်လက် မှတ်နဲ့ Service Board နှစ်ခုက မွေးသက္ကရာဇ်မတူတာ။ ဆယ် တန်းအောင်လက်မှတ်အတိုင်းဆို ကျော်နေတာ (ပင်စင်ယူရမည့် အချိန်)။ ရှေ့အစဉ်အဆက်က စ ပြီးတော့ ကျော်ရင်ကတော့ နိုင်ငံ တော်ဘဏ္ဍာကို ပြန်သွင်းရတာ။ ဒီဆရာမကြီးမှ မဟုတ်ဘူး။ တချို့ ဆို သိန်းရာဂဏန်းအထိ ပြန်သွင်း ရတာမျိုးအထိရှိတယ်’’ဟု ချမ်း အေးသာစံမြို့နယ် ပညာရေးမှူး ဦးထွန်းမြင့်ကပြောသည်။
အမှုထမ်းစာအုပ်ပါ မွေး သက္ကရာဇ်အရ သက်ပြည့်ပင်စင် ယူရန် ကြိုတင်ပြင်ဆင်မှုခံစားခွင့် လေးလခွင့်ပြုရန် စိစစ်ချိန်မှ ယခု ကဲ့သို့ အမှုထမ်းသက်ကျော်နေ သည်ကို စိစစ်တွေ့ရှိပြီး လုပ် ထုံးလုပ်နည်းအရ အမှုထမ်းသက် လွန်ကာလအတွက် လစာပို ထုတ်ငွေများ ပြန်သွင်းစေခြင်းဖြစ် သည်။
နိုင်ငံ့ဝန်ထမ်းများ၏ မွေး သက္ကရာဇ်ကို တွက်ချက်ရာတွင် အခြေခံပညာ အထက်တန်း အောင်လက်မှတ်အရသာ အ တည်ပြုချက်ရပြီး အမှုထမ်းစာ အုပ်ပါမွေးသက္ကရာဇ်သည် အခြေ ခံပညာအထက်တန်း အောင် လက်မှတ်ပါ မွေးသက္ကရာဇ်နှင့်တူ ညီမှု ရှိ၊ မရှိ မြို့နယ်ပညာရေး မှူး၊ သက်ဆိုင်ရာကျောင်း၊ စစ် ဆေးရေးအဖွဲ့များက နှစ်စဉ် တိုက်ဆိုင်စိစစ်ရရှိသည်ဟု မြို့ နယ်ပညာရေးမှူးရုံး ၀န်ထမ်း ဟောင်း ဦးဖြိုးဝေအောင်က ဆို သည်။
‘‘Service Board မှာရှိတဲ့ အသက်နဲ့ ဆယ်တန်းအောင်လက် မှတ်မှာရှိတဲ့ အသက်နဲ့ မှန်၊ မမှန် အစကတည်းက စိစစ်ရမှာ။ အခုဖြစ်နေတာက ၀န်ထမ်းတစ် ယောက် ပင်စင်ယူခါမှ အသက် လိမ်ထားတယ်ဆိုတာ သိရတာ တော့ မဖြစ်သင့်ဘူးပေါ့။ နှစ်စဉ် ကျောင်းစစ်ဆေးရေးတွေ အမြဲ လုပ်နေရတာ။ Service Board ကို စစ်ဆေးနေတာ။ နှစ်စဉ်စစ် ဆေးနေတာ မပေါ်ဘဲနဲ့ ပင်စင်ယူမှ ထပေါ်ပြီးတော့ ဒီပိုက်ဆံကို ဒီ ဆရာမကြီး တစ်ယောက်တည်း ပြန်လျော်ရမယ်ဆိုတာတော့ မတရားဘူး။ ဒါက အဆင့်ဆင့်မှာ တာဝန်ရှိနေတာ။ ဆရာမကြီးအနေနဲ့က အသက်ကို လိမ်တယ်ဆိုပေမယ့် သူအလုပ်လုပ်တာကို မလိမ်ထားဘူးလေ’’ဟု လက်ရှိပြည်သူ့ပါတီအဖွဲ့ဝင် ဦးဖြိုးဝေအောင်က မှတ်ချက်ပြုသည်။
7Day






0 comments:
Post a Comment