လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေသည်ဆိုကာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့် ၎င်း၏ ပြောကြားချက် ရုပ်သံဖိုင်ကို လူမှုကွန်ရက်ပေါ် ပျံ့နှံ့စေရန် ပို့စ်တင်သူကို ဥပဒေနှင့်အညီ အရေးယူမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကပြောသည်။
မတ်လ ၉ ရက်က ပြုလုပ် သော ကော့သောင်းမြို့နယ် မလိ ဝမ်းကျေးရွာ လူထုတွေ့ဆုံပွဲအ ခမ်းအနားတွင် တနင်္သာရီတိုင်းဝန် ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ‘‘ကျွန်မတို့ အုပ်စုတွေဟာ လက် ဖက်ရည်သောက်ပါတယ်။ ကျွန်မတို့က နိုင်ငံရေးသမားတွေ လက်ဖက်ရည်သွားသောက်မယ်ဆိုရင် ကုလားဆိုင်ပဲ ရှိတယ်ဆိုတော့ ကျွန်မလည်း ကုလားဆိုင်ဆိုတော့လည်း ဟိုလေ သောက်နေကျ လည်း မဟုတ်တော့ လက်ဖက် ရည်ဆိုင် လိုက်ရှာရပါတယ်’’ဟု ပြောဆိုမှု ရုပ်သံဖိုင်သည် လူမှုကွန်ရက်စာမျက်နှာတွင် ယင်းနေ့ ညနေကစ၍ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။
ထိုသို့ပျံ့နှံ့ပြီးနောက် တိုင်း အတွင်းရှိ လွှတ်တော်ကိုယ်စား လှယ်အချို့နှင့် ဒေသခံပြည်သူ များအကြားတွင် ဝန်ကြီးချုပ်တာ ဝန်ယူထားသူတစ်ဦး၏ ယင်းသို့ ပြောဆိုသုံးနှုန်းမှုသည် လူမျိုးရေး၊ ဘာသာရေးအမုန်းပွားမှု ဖြစ်ပေါ် စေနိုင်သည့်အပြင် ဒီချုပ်ပါတီဝင် တစ်ဦး လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများပါ ချိုးဖောက်ရာ ရောက်ကြောင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ သည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကမူ ‘‘ကျွန်မသူတို့ကိုပြောပြတယ်ဆိုတာ လက် ဖက်ရည်ဆိုင်ဆိုလို့ရှိရင်တောင်မှ လက်ဖက်ရည်ဆိုင်ကြီးကြီး မရှိ ဘူး။ ကျွန်မတို့ ကုလားလူမျိုးတွေ ဖွင့်တဲ့ ကာကာဆိုင်ပေါ့နော်။ အဲ ဒါ ကျွန်မ ဒီထက်ကောင်းတဲ့ အသုံးအနှုန်းလည်း ကျွန်မ သုံးနှုန်းဖို့ ရုတ်တရက်ရှာမတွေ့လို့ပါ။ ဒီ ဆိုင်တွေပဲရှိတဲ့ ကော့သောင်းမြို့ လေးကို ဘယ်လိုမျိုး ကျွန်မတို့ ကြိုးစားပမ်းစား လုပ်ဆောင်နေရ သလဲဆိုတာကို ပြောလိုတဲ့ဆန္ဒနဲ့ ကျွန်မတို့ပြောခဲ့တာ’’ဟု မတ်လ ၁၀ ရက်က ပြုလုပ်သည့် ကော့ သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြန်လည်ရှင်းလင်းခဲ့သည်။
ထို့ကြောင့် လူမှုကွန်ရက် ပေါ် ၎င်း၏ရုပ်သံဖိုင် တင်ခဲ့သူကို စိစစ်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟုဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ထံ မတ်လ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် 7Day Daily သတင်းစာက ဖုန်းဆက် သွယ်မေးမြန်းရာ ဆက်သွယ်မှုမရ ပေ။
ကုလားဟူသည့် အသုံးအ နှုန်းသည် ဘာသာတစ်ခု၊ လူမျိုး တစ်ခုအပေါ် စော်ကားရာရောက် ခြင်းကြောင့် ဝန်ကြီးချုပ် ဒေါက် တာလဲ့လဲ့မော်အနေဖြင့် ပြေလည် မှုရရှိသည်အထိ တောင်းပန်ရန်လိုအပ်ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးရဲမြင့်ဆွေက မှတ် ချက်ပြုသည်။
ထို့အပြင် ယင်းသို့ သုံးနှုန်း ပြောဆိုခြင်းသည် ဘာသာစွဲ၊ လူ မျိုးစွဲမရှိရဟူသော ဒီချုပ်ပါတီဝင် တစ်ဦး လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်ရာ ရောက်သဖြင့် ပါတီစည်းကမ်း ထိမ်းသိမ်းရေး တာဝန်ရှိသူများ က စစ်ဆေးအရေးယူရန် လိုအပ် ကြောင်း ၎င်းကဆိုသည်။
‘‘ပါတီထဲမှာရှိတဲ့ တခြားဘာ သာဝင်တွေ တချို့ဆိုရင် နုတ် ထွက်မယ်ဆိုပြီး ပြောလာတယ်။ ပါတီမှာ တာဝန်ရှိသူတစ်ယောက် က ဒီလိုမျိုး အသုံးအနှုန်းသုံးရ ကောင်းလားဆိုပြီး နုတ်ထွက်မယ် ဆိုပြီး ပြောလာကြတယ်။ ကျွန် တော်တို့က ဒီလူတွေကို ပြန်ပြီး တော့ ဖျောင်းဖျနေရတယ်။ ဒါ ကြောင့် ဒီမိုကရေစီခေတ်မှာကိုယ့် စကားကို ကိုယ်တာဝန်ယူရမယ်’’ ဟု ဦးရဲမြင့်ဆွေကရှင်းပြသည်။
ထားဝယ်မြို့ဒေသခံ ဒေါ်မိုမို ချစ်ကလည်း ‘‘၁၉၈၄-၈၄ မှာကတည်းက ကော့သောင်းမှာနေဖူးပါ ကုလားဆိုင်မှမဟုတ်ဘူး။ တရုတ် ဆိုင်လည်းရှိတယ်။ ဗမာဆိုင် လည်းရှိတယ်။ ရှမ်းဆိုင်လည်းရှိ တယ်။ ဆိုင်တွေအားလုံးရှိတယ်။ စကားလုံးရှာလို့မရဘူးပြောတယ် ဆိုတာ ဝိုင်းဆဲလာလို့ပြန်ကာတာ ဖြစ်သွားပြီ။ ဝန်ကြီးချုပ်အရည်အ ချင်းပျက်ယွင်းနေတာကြာပြီ။ ဝန် ကြီးချုပ်၊ နိုင်ငံရေးသမားအဖြစ် နှစ်နှစ်ကာကာ လုပ်တဲ့သူဆိုတာ ဥပဒေနဲ့မညီတဲ့ စကားဘယ်တော့ မှ မပြောတတ်ဘူး။ ဥပဒေဘောင် ထဲကနေ ဥပဒေနဲ့အညီပဲ လုပ် တယ်၊ ပြောတယ်’’ ဟု မှတ်ချက် ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်အပြီး နိုင်ငံ တော်သမ္မတရုံး၏ အချက် ၆၀ ကျော်ပါ ညွှန်ကြားချက်များအရ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တိုင်းအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများသို့ ယခုလဆန်းကစ၍ သွားရောက်ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ် နေခြင်းဖြစ်သည်။
ရုပ်သံဖိုင်တင်သူကို ဝန်ကြီး ချုပ်က အမှုဖွင့်မည် ဆိုသော်လည်း ယမန်နေ့ညနေမှာပင် အဂ တိ တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကို အဂတိလိုက်စားကြောင်း ပေါ်ပေါက်သဖြင့် လာဘ်စားမှုဖြင့် အမှုဖွင့်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။
7 Day







0 comments:
Post a Comment