Sunday, March 10, 2019

မလေးရှားမှာ အကြမ်းဖက်အဖွဲ့ ဖမ်းဆီးမိ



မလေးရှားနိုင်ငံမှာ အာဖရိကအခြေစိုက် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အီဂျစ်နိုင်ငံသား ၆ ဦးနဲ့ တူနီးရှားနိုင်ငံသား တစ်ဦးကို ရဲကဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ 
မြောက်အာဖရိက အခြေစိုက် အန်ဆာအယ်လ် ရှာရီယာ အကြမ်းဖက်အဖွဲ့ဝင်တွေအဖြစ် ရဲက သံသယ ရှိနေတာပါ။ ကုလသမဂ္ဂရဲ့ အကြမ်းဖက်အဖွဲ့စာရင်းထဲမှာလည်း အဲဒီအဖွဲ့ပါဝင်နေပါတယ်။ 

သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မလေးရှားကို ပတ်စပို့အတုတွေနဲ့ ၀င်ရောက်ခဲ့ကြပြီး တတိယ နိုင်ငံတစ်ခုမှာ အကြမ်းဖက်လုပ်ရပ်တွေဆောင်ရွက်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

RFA



0 comments:

Post a Comment