Monday, March 18, 2019

မြိတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ် လူနေအိမ်များပျက်စီး


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်အလုံး ၆၀ လောက်နဲ့ မွေးမြူရေးခြံတခြံ ပျက်စီးသွားပြီး နွား ၃ ကောင် သေဆုံးသွားပါတယ်။ 
မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာမှာ မတ်လ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ 

တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူက “ညနေ ၅ နာရီခွဲမှာ မိုးသက်လေပြင်းတိုက်တော့ လူနေအိမ် လုံးဝပျက်စီးသွားတာ ၃၆ လုံး၊ အိမ်ခေါင်ပျက်စီး သွားတာက ၂၃ လုံး၊ အလျား ၂၄ ပေ၊ အနံ ၂၀ ပေရှိတဲ့ စာသင်ကျောင်းက ခေါင်မိုးလန်သွားတယ်။ ကြက်ခြံတခြံ ပြိုကျသွားတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာမရဘူး” လို့ ပြောပါတယ်။ 

လေဘေးဒုက္ခသည်တွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်မှာ ယာယီ သွားရောက် တည်းခိုနေကြရပါတယ်။ 

သတင်း၊ ဓာတ်ပုံ – မြတ်ထွဋ် (မြိတ်)
DVB

0 comments:

Post a Comment