Tuesday, March 12, 2019

ဗိုလ်ချုပ်ရုပ်တု မတ်လ ၁၇ ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် ကရင်နီလူငယ်များ ထုတ်ပြန် တွေ့ဆုံညှိနှိုင်းမှုမပြုလုပ်ပါက တစ်ကျော့ပြန် သပိတ်မှောက်နိုင်ဟုဆို


လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ် ကြေးရုပ်တုကို လာမည့်မတ်လ ၁၇ ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် ကယားပြည်နယ်အစိုးရအဖွဲ့သို့ နောက်ဆုံးအကြိမ် သတိပေးကြောင်း ကရင်နီ လူငယ်များအင်အားစုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ 


နှစ်ဖက်ညှိနှိုင်းသဘောတူ ညီချက်အရ ယမန်နေ့တွင် တစ် လတိတိ ပြည့်ပြီဖြစ်၍ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တု ပြောင်းရွှေ့ ပေးရေး ဖြေရှင်းပေးရန် စတင်အ ကောင်အထည်ဖော်သူများဖြစ် သော ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို ထပ်မံအသိပေးကြောင်း မတ်လ ၁၂ ရက်က ထုတ်ပြန်သည်။ 



ကယားပြည်နယ်အစိုးရအ ဖွဲ့အနေဖြင့် တာဝန်ယူဖြေရှင်း ပေးခြင်း မရှိပါက ကရင်နီလူငယ် အင်အားစု၏ မူလတောင်းဆိုချက် ဖြစ်သော ကြေးရုပ်တုဖြုတ်သိမ်း ရေးနှင့် ရွှေ့ပြောင်းရေးမူအတိုင်း အခိုင်အမာဆက်လက်ရပ်တည် မည်ဟု ယတိပြတ်အသိပေးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ရေး ထားသည်။ 



‘‘တာဝန်ရှိတဲ့ ပြည်နယ် အစိုးရရော ပြည်ထောင်စုအစိုးရ ပါ ဒီကိစ္စကို မှန်မှန်ကန်ကန်၊ မြန် မြန်ဆန်ဆန် ဖြေရှင်းပေးဖို့ အင် မတန်အရေးကြီးတဲ့ ကာလဖြစ် တယ်။ ဖြေရှင်းမှုတွေ မရှိဘူးဆို ရင်တော့ ဖြစ်လာမယ့် အကျိုးအ ဆက် အကောင်း၊ အဆိုးအားလုံး က ပြည်နယ်အစိုးရရော ပြည် ထောင်စုအစိုးရပါ အားလုံးသက် ရောက်လိမ့်မယ်’’ဟု ဗိုလ်ချုပ်ရုပ် တု ကန့်ကွက်ကော်မတီ ပြောရေး ဆိုခွင့်ရှိသူ ခွန်းသောမတ်က ပြော သည်။ 



ထို့ကြောင့် လာမည့်ရက်ပိုင်း အတွင်း ပြည်နယ်အစိုးရအဖွဲ့အ နေဖြင့် ဆက်လက်တွေ့ဆုံညှိနှိုင်း ရန် တိုက်တွန်းကြောင်းနှင့် ယင်း သို့ မပြုလုပ်ပါက တစ်ကျော့ပြန်ဆန္ဒထုတ်ဖော်ခြင်း၊ သပိတ် မှောက်ခြင်းများ ဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းက ဆိုသည်။ 



အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ ကယားပြည်နယ်အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ထံ မတ်လ ၁၂ ရက် ညနေ ၄ နာရီခွဲ ခန့်တွင် ဖုန်းဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်မှုမရခဲ့ ပေ။ ဗိုလ်ချုပ်ရုပ်တုကိစ္စနှင့် ပတ် သက်၍ ဖေဖော်ဝါရီ ၁၂ ရက်က ရရှိခဲ့သော နှစ်ဖက်သဘောတူညီ ချက်များအရ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် ကန့်ကွက်သူကော် မတီတို့ တွေ့ဆုံညှိနှိုင်းခဲ့သော် လည်း ပြေလည်မှုမရခဲ့ဘဲ ဆွေး နွေးမှုများ အဆုံးသတ်ခဲ့သည်။

7Day

0 comments:

Post a Comment