
ပုဂ္ဂလိကကုမ္ပဏီများက ကျင်းပသည့် ကျောက်စိမ်း ပြပွဲများ၌ အခွန်နစ်နာမှု များစွာရှိနေခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ကဲ့သို့ နိုင်ငံတော်အဆင့် အ ဖွဲ့အစည်းဖြင့် စစ်ဆေးပြီး ပြည် သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြရန် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ဒုတိယဗိုလ် မှူးကြီး တိုးလွင်က လွှတ်တော်သို့ အကြံပြုသည်။
မန္တလေးမြို့တွင် ပုဂ္ဂလိက ကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်း အရိုင်းပြပွဲများ၏ အခွန်ငွေ ပေးဆောင်မှုအခြေအ နေ တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မတ် ၁၂ ရက် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
နည်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး မီ ပုဂ္ဂလိကကုမ္ပဏီများ၏ အစီ အစဉ်ဖြင့် ပြုလုပ်သော
ကျောက်စိမ်းကျောက်မျက် ကုန် ကြမ်း ရောင်းချပွဲများကို ရပ်ဆိုင်း ထားရန်၊ လိုအပ်သော နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကို အမြန်ရေးဆွဲရန်၊ ယခင်ရောင်းချ ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီများ၏ ကျောက်စိမ်းကုန်ကြမ်း ရောင်းချ မှုများမှ မှန်ကန်စွာ အခွန်ပေး ဆောင်ခြင်း ရှိ၊ မရှိ ပြန်လည်စိစစ် ရန်ဟု အစီရင်ခံစာပါ အချက်ကို လည်း ထောက်ခံကြောင်း ၎င်းက ဆိုသည်။
ပုဂ္ဂလိက ကျောက်မျက်အ ရောင်းပြပွဲအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက် စည်းမျဉ်း စည်းကမ်းများ မထုတ်ပြန်ရသေး ချိန်တွင် ပြပွဲများ ကျင်းပနေခြင်း ကိစ္စကို ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းသင့်ကြောင်း၊ နည်းဥပဒေ မရှိဘဲ ခွင့်ပြုမိန့် အကြိမ်ကြိမ် ထုတ်ပြန်ပေးခဲ့သည့် တာဝန်ရှိသူ များကိုလည်း မည်သို့ ဆက်လက် အရေးယူဆောင်ရွက်မည်ကို ဝန် ကြီးဌာနအနေဖြင့် ရှင်းလင်းဖော် ပြသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က အကြံပြုခဲ့သည်။
ဖားကန့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးကမူ မြန်မာနိုင်ငံ၏ ကျောက်စိမ်းဈေး ကွက် အဓိကနေရာဖြစ်သည့် မန္တ လေးတွင် ကျောက်စိမ်းဈေးကွက် ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာရန် လို အပ်ကြောင်း ဆွေးနွေးသည်။
မိမိနိုင်ငံမှ ထွက်သည့် ကျောက်စိမ်း ဈေးကွက်သည် တရုတ်နိုင်ငံ၌ ရှိနေကြောင်း၊ယင်း ကျောက်စိမ်းဈေးကွက် မြန်မာနိုင်ငံတွင် ခိုင်မာစွာ ဖြစ်ပေါ် လာရေး ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ဝိုင်းဝန်းဆောင်ရွက် ရန်လည်း အကြံပြုသည်။
အစီရင်ခံစာတွင် သက်ဆိုင် ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်း ဥပဒေကြီးကြပ်မှုအားနည်းသည်ကို တွေ့ရကြောင်း၊ ယင်းအား နည်းချက်များကို ပြုပြင်ပြောင်းလဲ ရန် ၎င်းက အကြံပြုသည်။
အစီရင်ခံစာအရ တိုင်ကြား စာအပေါ် တာဝန်ရှိသည့် အဖွဲ့အ စည်းများအား ခေါ်ယူဆွေးနွေးရာ တွင် ကျန်ရှိခဲ့သည့် အဓိကကျ သော ကုမ္ပဏီများကို ဖိတ်ခေါ် ဆွေးနွေးမည်ဆိုပါက အခြေအ နေမှန် ယခုထက်ပိုမိုသိရှိနိုင်မည် ဟုလည်း လွှတ်တော်ကိုယ်စား လှယ်အချို့က ဆွေးနွေးခဲ့သည်။
အစီရင်ခံစာနှင့် ပတ်သက် ပြီး မတ်လ ၁၄ ရက်တွင် ကျင်းပ မည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး၌ လွှတ်တော်၏ အ ဆုံးအဖြတ်ရယူမည်ဖြစ်သည်။
7Day






0 comments:
Post a Comment