Wednesday, March 13, 2019

အသက် ၇၃ နှစ်အရွယ် ဦးလေးကြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီး

Image may contain: 3 people, people smiling, people standing, tree and outdoor
တက္ကသိုလ်ဝင်စာမေးပွဲကို အသက် ၇၃ နှစ်အရွယ်ကျမှ ပြန်ဖြေဆိုခဲ့တဲ့ မန္တလေးက ဦးစိုင်းအောင်ညွန့်လည်း ဒီကနေ့မှာတော့ ဘာသာရပ်အားလုံးကို အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ဘာ သာရပ်အားလုံးဖြေဆိုမှုအပြီးမှာတော့ သူ့အနေနဲ့စာမေးပွဲကို အမှတ်နည်း နည်းနဲ့သာအောင်နိုင်တယ်လို့ သူကခန့်မှန်းပြောဆိုခဲ့ပါတယ်။

”ဖြေနိုင်တယ်ဆိုပေမယ့်လဲ ပါးပါးလေးပဲအောင်နိုင်မှာပါ။ အောင်ရင်လည်းအမှတ်တအားနည်းမယ်” လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ် သူကပြန်ဖြေပေးသွားခဲ့ပါတယ်။

ဦးစိုင်းအောင်ညွန့်ဟာ ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို မန္တလေး ချမ်းအေးသာစံမြို့နယ် အထက(၅)စာစစ်ဌာနကနေ ဇီဝဗေဒဘာသာတွဲနဲ့ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး မြန်မာစာဘာသာရပ်ဖြေဆိုခဲ့တုန်းကတော့ အားရကျေနပ်မှုဖြစ်တယ်လို့ပြောခဲ့ပါတယ်။

”စာမေးပွဲအတွက်ပြင်ဆင်ချိန် ၁၅၃ ရက်ထဲနဲ့ဖြေခဲ့ရတဲ့ ၆ ဘာသာဆိုတော့ တအားပင်ပန်းခဲ့ပါတယ်”လို့လဲ ဦးစိုင်းအောင်ညွန့်က ဆိုပါတယ်။
Image may contain: 4 people, people standing and outdoor
Popular News Journal

0 comments:

Post a Comment