လက်ရှိ ပွင့်လင်းမြင်သာစွာအသုံးပြုနေတဲ့ ဖေ့ဘုတ်စ်ကွန်ယက်ထက်စာရင် လုံခြုံမှုရှိပြီး၊ သုံးစွဲသူကိုယ်တိုင်ပဲသိနိုင်တဲ့ လျှို့ဝှက် message စနစ်တွေကို ပိုပြီးတော့လူကြိုက်များလာလိမ့်မယ်လို့ ဖေ့ဘုတ်စ် CEO မက်ခ်ဇက်ကာဘက်(ဂ်) က ပြောပါတယ်။
ဒါကြောင့် ဖေ့စ်ဘုတ်လူမှုကွန်ယက်ကို သုံးစွဲသူရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လျှို့ဝှက်ထားဖို့ အဓိက ထားတဲ့ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ မစ္စတာဇက်ကာဘက်(ဂ်)က သူ့အမြင်ကို ရှင်းလင်းပြောပြခဲ့ပါတယ်။
ဖေ့စ်ဘုတ်ဟာ Messenger နဲ့ WhatsApp တို့ကို ပိုင်ဆိုင်ထားပေမယ့်၊ (Message encryption)လို့ခေါ်တဲ့ လုံခြုံရေးအတွက် သတင်းအချက်အလက်တွေကို ကုဒ်အဖြစ်ပြောင်းလဲပြီး၊ ကြော်ငြာရဖို့ message တွေပေးပို့တဲ့နေရာမှာတော့ လုပ်နိုင်စွမ်းဟာ ကန့်သတ်ချက်ဘောင်ထဲမှာ ရှိနေပါတယ်။ သဘောကတော့ ဖေ့စ်ဘုတ်ရဲ့ Messenger နဲ့ WatsApp တို့ရဲ့ message ပေးပို့တဲ့စနစ်မှာ ပြီးပြည့်စုံတဲ့ လုံခြုံရေးမရှိသေးဘူးဆိုတာပါပဲ။
ဖေ့စ်ဘုတ်လူမှုကွန်ယက်ကုမ္ပဏီဟာ ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိဘူးဆိုတဲ့ပြဿနာတွေနဲ့ တစ်ခုပြီးတစ်ခုကြုံတွေ့နေရတာကြောင့် အများရဲ့စောင့်ကြည့်မှုကို ခံနေရကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။









0 comments:
Post a Comment